Denim ရှပ်အင်္ကျီ များသည် ကွီးတို့ကို ဖက်ရှင်ကျအောင် ကူညီပေးတဲ့ အဝတ်အစားအမျိုးမျိုးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ Denim ရှပ်အင်္ကျီ အဖြစ် စတင်လူသိများလာခဲ့တာကတော့ ၁၉၂၀ ပြည့်နှစ်များကပဲဖြစ်ပါတယ်။ ထိုအချိန်တွင် Miller & Co က ဂျင်းရှပ်များ စတင်ဖန်တီးဖို့ရန်အတွက် ကုမ္ပဏီတည်ထောင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ စုနှစ် တစ်စုကြာတဲ့အခါမှာတော့ Levi က Denim ရှပ်အင်္ကျီ ဆိုပြီး ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ ထို့နောက် ၁၉၄၀ ပြည့်နှစ်တွေမှာတော့ Jack Weil ဆိုသူက ဂျင်းရှပ်ကို နှိပ်ကြယ်သီးများဖြင့် တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ယနေ့မှာတော့ Denim ရှပ်အင်္ကျီများသည် ပုံသဏ္ဍာန်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးရှိတာကြောင့် ရွေးချယ်ဝတ်ဆင်စရာလည်း အများအပြားပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ Denim ရှပ်အင်္ကျီနဲ့ ဖက်ရှင်ကျချင်ပြီးတော့ ဘယ်လိုအဝတ်အစားဖက်ရှင်စတိုင်လ်တွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ အကြံ အိုက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips လေးတွေက ကူညီပေးပါလိမ့်မယ်။

အနက်ရောင် ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပါ

Denim ရှပ်အင်္ကျီ

အနက်ရောင်ကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်ပြီး အမိုက်စားစတိုင်လ်ကို ဖန်တီးပေးပါလိမ့်မယ်။

ဂျင်းဘောင်းဘီအပြဲနဲ့ တွဲဖက်ဝတ်ဆင်ပါ

Denim ရှပ်အင်္ကျီ

လူငယ်ဆန်ဆန်ဖက်ရှင်မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီအပြဲနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဘောင်းဘီအတိုနဲ့လည်း အခုလိုရှိုးထုတ်နိုင်ပါတယ်

Denim ရှပ်အင်္ကျီ

ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးအတွက်ဆိုရင်တော့ Denim ရှပ်အင်္ကျီ ကို ဘောင်းဘီတိုနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဘောင်းဘီအဖြူနဲ့ သန့်ပြန့်ကျော့ရှင်းတဲ့စတိုင်လ် ဖန်တီးလိုက်ပါ

Denim ရှပ်အင်္ကျီ

အဖြူရောင်ဂျင်းဘောင်းဘီနဲ့ဆိုရင်တော့ သစ်လွင်တောက်ပြောင်တဲ့စတိုင်လ်လေး ရရှိသွားပြီပေါ့။

မီးခိုးရောင်ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပါ

Denim ရှပ်အင်္ကျီ Denim ရှပ်အင်္ကျီ

အဖြူရောင်က အပေမခံမှာစိုးရင်တော့ မီးခိုးရောင်ဂျင်းဘောင်းဘီနဲ့ ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။

ဂျင်းဘောင်းဘီအပြာနဲ့ ဝတ်ဆင်မယ်ဆိုရင်တော့ ဝမ်းဆက်စတိုင်လ်လေးဖြစ်သွားပြီပေါ့

Denim ရှပ်အင်္ကျီ

ဒီဖက်ရှင်လေးကလည်း ကွီးတို့ကို စတိုင်လ်ကျပြီး ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

ဘလေဇာကုတ်ကို အပေါ်ကထပ်ကာ ဝတ်ဆင်ပါ

kwee fashion

စမတ်ကျကျဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ ဒီလိုဝတ်ဆင်လိုက်ပါ။

အဖြူတီရှပ်ကို အောက်ခံရှပ်အဖြစ် အသုံးပြုပါ ဝတ်ဆင်ပါ

kwee fashion kwee fashion

လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဖက်ရှင်စတိုင်လ်တစ်မျိုးပါ။

သားရေဂျက်ကတ်ဖြင့် ရှိုးထုတ်ပါ

kwee fashion

အလန်းစားဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ သားရေဂျက်ကတ်ဖြင့် ရှိုးထုတ်နိုင်ပါတယ်။

ဆွယ်တာနဲ့လည်း အခုလို ဖက်ရှင်ကျနိုင်ပါတယ်

kwee fashion

မိုးအေးတဲ့ နေ့မျိုးမှာတော့ အပေါ်ကနေ ဆွယ်တာ ထပ်ဝတ်လိုက်ပါ။

အပေါ်က ဂျင်းဂျက်ကတ် ထပ်ဝတ်ပါ

kwee fashion

ဂျင်းရှပ်ကိုမှ အပေါ်ကနေ အခုလို ဂျင်းဂျက်ကတ် ထပ်ဝတ်နိုင်ပါတယ်။

အနောက်တိုင်းဝတ်စုံပြည့်ဖြင့် ဝတ်ဆင်နိုင်ပါတယ်

kwee fashion kwee fashion

သင့်အနေနဲ့ အနောက်တိုင်းဝတ်စုံကို ရိုးရိုးရှပ်အင်္ကျီတွေနဲ့ တွဲဝတ်ရတာ ငြီးငွေ့လာပြီဆိုရင်တော့ ဂျင်းရှပ်နဲ့ တွဲဝတ်နိုင်ပါတယ်။

လက်ပြတ်ကုတ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပါ

kwee fashion

ဒီပုံစံလေးကတော့ သင့်ကို Country အဆိုတော်တစ်ယောက်လို ပြောင်းလဲသွားစေမယ့် ဖက်ရှင်လေးပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဂျင်းရှပ်ဖက်ရှင်များကို ကွီးတို့အားလုံး နှစ်သက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Fashionhombre

Featured Image: Realmenrealstyle