Denim Is King ဆိုတဲ့ စကားတစ်ခု ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်အတွက် Denim Jacket တွေက ဘုရင်တစ်ပါးပဲလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ Denim Jacket တွေကို အဝတ်အစားတော်တော်များများနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး ရိုးရှင်ပေမယ့် စတိုင်ကျတဲ့ ဖက်ရှင်အသွင်အပြင်ကို ပေးနိုင်စွမ်းတဲ့ အကောင်းဆုံး Jacket တစ်ထည်ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ Denim Jacket တွေကို စတိုင်အမိဆုံး ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဖက်ရှင် အတွဲအစပ် တွေက ပြီးပြည့်စုံတဲ့ ဖက်ရှင်ရွေးချယ်မှုတစ်ခု ဖြစ်စေမှာ အသေ အချာပါပဲ။

(၁) Jeans နဲ့ Denim Jacket


Photo : The Trend Spotter

အပေါ်  Jeans အောက် Jeans ဖက်ရှင် Outfit တွေက နေ့စဉ်ဘဝမှာ ဝတ်လို့အဆင်ပြေပါ့မလားတွေးနေရင်တော့ ကွီးတို့ မှားသွားပါလိမ့်မယ်။ Jeans ဘောင်းဘီနဲ့ Denim Jacket အတွဲအစပ်က အံ့သြစရာကောင်းလောက်အောင် စတိုင်ကျပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ပုံမှန်ထသွားထလာအတွက် စတိုင်အကျဆုံးနဲ့ ကြည့်ကောင်းနေချင်တယ်ဆိုရင်တော့ အများကြီး ခေါင်းရှုပ်မခံပါနဲ့။ အနက်ရောင် Jeans ဘောင်းဘီ နဲ့ Blue Denim Jacket တစ်ထည်သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

(၂) Trousers နဲ့ Denim Jacket


Photo : The Trend Spotter

Denim Jacket တွေဟာ Trousers ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်လို့လည်း အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ရိုးရှင်တယ် ဒါပေမယ့် စမတ်ကျတယ်ဆိုတဲ့ ဖက်ရှင်အတွဲအစပ်မျိုး ဖြစ်ပါတယ်။ Chinos ဘောင်းဘီနဲ့ Denim Jacket တွေကတော့ လိုက်ဖက်မှုအရှိဆုံးလို့ ပြောနိုင်တဲ့ Outfit တွေထဲက တစ်ခုဖြစ်ပါတယ်။ အသက်အရွယ်မရွေးဝတ်လို့ အဆင်ပြေပြီး စမတ်ကျကျနဲ့ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။

(၃) T-Shirt နဲ့ Denim Jacket


Photo : The Trend Spotter

လူငယ်ဆန်မှုနဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်အတွက် T-Shirt နဲ့ Denim Jacket ဖက်ရှင် အတွဲအစပ်ထက် ပိုကောင်းတာ မရှိနိုင်ပါဘူး။ T-Shirt နဲ့ ဝတ်မယ်ဆိုရင် နှစ်သက်ရာ ဘောင်းဘီအမျိုးအစား ၊ Shoes တွေနဲ့ စိတ်တိုင်းကျ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ရိုးရှင်းတဲ့ ဗြောင် Tees တွေနဲ့ တွဲဝတ်နိုင်သလို ပိုပြီး စတိုင်ကျကျနဲ့ ဖက်ရှင်မိချင်ရင်တော့ အစင်းပါတဲ့ Striped T-Shirts ဒါမှမဟုတ် Graphic Tees တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၄) Shirt နဲ့ Denim Jacket


Photo : The Trend Spotter

ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ဖက်ရှင်မျိုးနှစ်သက်တဲ့ လူလတ်ပိုင်း အမျိုးသားတွေအတွက်ကတော့ သန့်ပြန့်တဲ့ အဖြူရောင် Shirt အင်္ကျီနဲ့ Denim Jacket တွေကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒါထက်ပိုပြီး ကြည့်ကောင်းချင်တယ်ဆိုရင် အပေါ်က Blazer ကုတ်တစ်ထည် ထပ်ဝတ်လိုက်ပါ။ Trousers ၊ Brogues ၊ Chinos ကြိုက်နှစ်သက်တဲ့ ဘောင်းဘီနဲ့ တွဲဝတ်နိုင်ပြီး Sneakers ကောင်းကောင်းတစ်ရံ စီးလိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဖက်ရှင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၅) Jumper နဲ့ Denim Jacket


Photo : The Trend Spotter

Denim Jacket တွေက အပေါ်ထပ်အနေနဲ့ ဝတ်ဆင်ဖို့ အကောင်းဆုံးဖြစ်ပြီး Jumper တွေနဲ့စတိုင်ကျကျ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း Sweatshirt တစ်ထည် ဒါမှမဟုတ် လုံးစွတ် Hoodie တစ်ထည်ရဲ့အပေါ်က Denim Jacket ကို ထပ်ဝတ်ကြည့်လိုက်ပါ။ ရာသီဥတု အေးတဲ့ကာလတွေမှာ အနွေးဓာတ်ကောင်းကောင်းပေးနိုင်သလို လူငယ်ဆန်ဆန်နဲ့ စတိုင်ကျနေစေမှာ ဖြစ်ပါတယ်။

Featured Photo : HiConsumption