သပ်သပ်ရပ်ရပ် ဝတ်ဆင်ရတဲ့ Button-Up ရှပ် နဲ့ Casual ပေါ့ပေါ့ပါးပါး ဆန်တဲ့ Jeans ကို တွဲဝတ်တာဟာ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ ထင်သူတွေ ရှိကြပါတယ်။ ရှပ်နဲ့ Jeans ဖက်ရှင်ဟာ လုံးဝမလိုက်ဖက်တာတော့ မဟုတ်ပါဘူး။ လိုက်ဖက်တဲ့ အတွဲအစပ်ဖြစ်ရင် ကြည့်ကောင်းတာပါပဲ။

Jeans နဲ့ Button Up ရှပ်ဝတ်မယ်ဆိုရင် Jeans ကိုလည်း အမျိုးအစား ပုံစံ နဲ့ ကာလာတွေ ကြည့်ရပါတယ်။ Button Up ရှပ်အင်္ကျီနဲ့ တွဲဝတ်မယ့် Jeans ဘောင်းဘီဟာ Straight Cut Jeans မျိုး ဖြစ်တာကောင်းပါတယ်။ Straight Cut တွေက Skinny အကျပ်မဆန်သလို Baggy အပွဘက်လည်း မရောက်ပါဘူး။ နောက်ပြီး ဒူးပြဲပေါင်ပြဲ Ripped Jeans တွေလည်း Shirt ဖက်ရှင်နဲ့ တွဲဝတ်လို့ မကောင်းပါဘူး။

Jeans and Shirt

Photo: stitchfix

ရှပ်အင်္ကျီအရောင်အနေနဲ့ အဖြူ ၊ အပြာဖျော့ ၊ ပန်းဖျော့ နဲ့အစင်း Patterned ဒီဇိုင်းမျိုး ရွေးချယ်နိုင်ပါတယ်။ အဖြူရောင် Button Up Shirt တွေက Jeans အရောင်တိုင်းနဲ့ လိုက်ဖက်ပြီး အပြာဖျော့ Light Blue ရှပ်တွေက နက်ပြာနဲ့ Mid-Blue Jeans ရောင်တွေ ရွေးဖို့ အကြံပေးချင်ပါတယ်။ Light Pink ကာလာ Shirt တွေနဲ့ ဝတ်မယ့် Jeans ဘောင်းဘီဟာ အပြာဖျော့ အပြာရင့် Light Blue / Dark Blue တွေ ဖြစ်ဖို့ လိုပါတယ်။

Smart Casual ဖက်ရှင် Outfit မျိုး ဝတ်ချင်ရင် ရှပ်နဲ့ Jeans ကို အပေါ်က Knit ဒါမှမဟုတ် Sweater အပါးလေးကိုမှ Sports Jacket လိုမျိုး ထပ်ဝတ်နိုင်ပါတယ်။ Jacket နဲ့ Blazer တို့ကတော့ Semi Formal ပွဲတွေ ၊ Dinner Party နဲ့ ရုံး BBQ တွေမှာ Jeans & Button Up အပေါ်ကနေ ဝတ်သွားနိုင်တဲ့ စတိုင်တွေ ဖြစ်ပါတယ်။

Featured Photo : stitchfix