Martial Arts တွေဟာ ကိုယ်ခံပညာဆိုတဲ့အတိုင်း တခြားသူကို ရန်လုပ်ဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ပေးနိုင်တဲ့ ပညာရပ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံပညာတွေထဲမှာ ကွန်ဖူးနဲ့ ကရာတေးကို လူတိုင်းလိုလို သိကြပါတယ်။ တကယ်တော့ ကိုယ်ခံပညာရဲ့ အချုပ်အနှောင် ၊ အထိုးအတွက် ၊ လက်နက်ပါ /လက်နက်မဲ့ ၊ အနီးကပ်တိုက်ကွက် စတဲ့ လှုပ်ရှားဟန်တွေပေါ် လိုက်ပြီး အမျိုးအစားတွေ ကွဲပြားကြပါတယ်။

Striking လို့ခေါ်တဲ့ လက်သီး ၊ ဒူး ၊ တံတောင် ၊ ခြေကန်ချက်တွေ အများဆုံးသုံးရတဲ့ ကိုယ်ခံပညာစာရင်းမှာဆို လက်ဝှေ့ ဘောက်ဆင် ၊ Capoeira ဆိုတဲ့ ‌အေရိုးဗစ်နဲ့ ကကွက်တွေပေါင်းစပ်ထားတဲ့ ဘရာဇီးကိုယ်ခံပညာ ၊ ကရာတေး ၊ Kickboxing ၊ Krav Maga တပ်တွင်း အနီးကပ်တိုက်ခိုက်မှုပညာ ၊ ကွန်ဖူး ၊ မွေ့ထိုင်း ၊ ကိုရီးယား ကိုယ်ခံပညာတွေဖြစ်တဲ့ တိုက်ကွမ်ဒို နဲ့ တန်ဆွန်ဒို ပါဝင်ပါတယ်။

Muay Thai Fight

Photo: wikimedia

လူကို မလှုပ်နိုင်အောင် ချုပ်ထားပြီး တိုက်ခိုက်တဲ့ Ground-Fighting Styles နည်းစနစ်မှာလည်း Martial Arts အမျိုးမျိုးရှိပါတယ်။ အချုပ်အလှဲစတိုင် Martial Arts ရဲ့ အဓိက ပစ်မှတ်က ပြိုင်ဘက် မြေပေါ်လဲကျပြီး မလုပ်နိုင်အောင် ချုပ်ထားနိုင်ရေးဖြစ်ပါတယ်။ Grapping Style တွေထဲမှာ နာမည်ကြီးတာက ဘရာဇီး ဂျူဂျစ်ဆု Jiu-Jitsu ၊ ချုပ်ကွက်နဲ့ တိုက်ကွက် စတိုင်နှစ်မျိုးပေါင်းထားတဲ့ Catch Wrestling ၊ ဂျပန်စတိုင် ဂျူဂျုဆု ၊ ဘရာဇီးရဲ့ နာမည်ကျော် Luta Livre နပန်း ၊ ရုရှားဆူမို ၊ ဂျပန်ဆူမိုနဲ့ နပန်းသတ်ပွဲတွေပါပဲ။

ကိုင်ပေါက်ပြီး လွှင့်ပစ်ရတဲ့ တိုက်ခိုက်ရေးစနစ်ကလည်း ကမ္ဘာတလွှားမှာ နာမည်ကြီးကြပါတယ်။ ဒီနည်းမှာလည်း အဖမ်းအချုပ် နည်းစနစ်လိုပါတယ်။ နပန်းသမားတွေက အဓိကမလှုပ်နိုင်အောင် ဖမ်းချုပ်ဖို့ဖြစ်ပြီး Throwing Styles ကတော့ ပြိုင်ဘက်ကို ခြေပစ်လက်ပစ် အရှိန်နဲ့ လွှင့်သွားအောင် လွှင့်ပစ်ရတာပါ။ ဒီစတိုင်နဲ့ နာမည်ကြီးတဲ့ ကိုယ်ခံပညာတွေထဲမှာ အိုက်ကီဒို Aikido ၊ ဂျူဒို ၊ ဟတ်ပ်ကိုင်ဒို Hapkido ၊ တရုတ်ရဲ့ ဝူရှူးစတိုင် Shuai Jiao တို့ ပါဝင်နေပါတယ်။

hapkido

Photo: martialartsguy

လက်နက်နဲ့ တိုက်ခိုက်တဲ့စတိုင်က အလွန်ကျယ်ပြန့်ပြီး လက်နက်ပေါ်လိုက်လို့ တိုက်နည်းခိုက်နည်းတွေကလည်း အများကြီး ရှိပါတယ်။ ဂျပန်သိုင်းနည်းပညာ Goju-ryu Karate လေ့ကျင့်သူတွေဟာ Bokken လို့ခေါ်တဲ့ သစ်သားဓါးနဲ့ လေ့ကျင့်ကြပါတယ်။ လက်နက်နဲ့ တိုက်ခိုက်မှုထဲမှာ Kali ၊ Laido ၊ Kendo စတဲ့ တိုက်ခိုက်မှုတွေက ကမ္ဘာမှာ ကျော်ကြားကြပါတယ်။

ကိုယ်ခံပညာထက် ကိုယ်စိတ်ကျန်းမာညီညွတ်မျှတရေးကို ဦးစားပေးတဲ့ Meditative Styles ကိုယ်ခံပညာတွေလည်း ရှိပါတယ်။ ဒီထဲမှာ ထိုက်ချိ ၊ ချီဂွမ်းစတိုင် တိုက်နည်း ၊ Baguazhang တို့လည်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဘက်စုံသုံးကိုယ်ခံပညာဆိုပြီး Stand-Up ထိုးသတ်မှုရော ၊ အချုပ်အနှောင်/ကိုင်ပေါက်အကုန်ပါတဲ့ Mix Martial Arts (MMA) ၊ Jeet Kune Do ၊ Ninjutsu နဲ့ Shootfighting တွေလည်း လူသိများလာကြပါတယ်။

Featured Photo: gym19