DIY ပရောဂျက်တစ်ခုကို စတင်ခြင်းက ကွီးကိုယ်ကွီး အာရုံပြောင်းစေပြီး စိတ်ဖိစီးစရာကိစ္စ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ဆူညံသံတွေလို စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကွီးကိုယ်တိုင် အာရုံစူးစိုက်၊ အစီအစဉ်ဆွဲ၊ ကွီးလက်နဲ့ အရာတစ်ခုကို ဖန်တီးခြင်းက စိတ်ကျေနပ်ဖွယ် ကောင်းတဲ့ခံစားချက်ကို ရရှိစေပါတယ်။ ကွီးတို့အတွက် အကောင်းဆုံး DIY ပရောဂျက် အိုင်ဒီယာကောင်းများ ကို ရှာနေပါသလား။

ကွီးတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ့်ရဲ့ စိတ်ကူးပေါ်မူတည်ပြီး စိတ်ကြိုက် ဖန်တီးနိုင်ဖို့ သစ်သားနဲ့ ပြုလုပ်လို့ရတဲ့ DIY ပရောဂျက် အိုင်ဒီယာကောင်း များကို ဖော်ပြလိုက်ပါတယ်။

(၁) သစ်သားဆိုင်းဘုတ်

DIY ပရောဂျက်

Photo : Homebnc

ကွီးအနေနဲ့ လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ် အိမ်အတွက် အလှဆင်ပစ္စည်းတစ်ခု လုပ်ချင်လို့ပဲ ဖြစ်ဖြစ် ကိုယ်ပိုင်စိတ်ကူးလေးနဲ့ သစ်သား ဆိုင်းဘုတ် တစ်ခုလုပ်ဖို့ စတင်လိုက်ရအောင်။ သစ်သား အိမ်နံပါတ်ဆိုင်းဘုတ်တွေ၊ အလှဆင်ဖို့ စာသားတွေ စသည်ဖြင့် ကွီးတို့အိမ်ကို ပေါ်ပေါ်လွင်လွင် ဖြစ်စေတဲ့အပြင် အသေးစားလက်ရာတစ်ခုကို ဖန်တီးရတာကို ကွီးတို့အတွက် နှစ်သက်စရာ အမှတ်တရ ဖြစ်သွားမှာပါ။ ဒီပရောဂျက်က  ရိုးရှင်းပြီး ရှုပ်ထွေးတဲ့ အဆင့်တွေ မပါရှိပါဘူး။

(၂) သစ်သားသော့ချိတ်

DIY ပရောဂျက်

Photo : Esty

အသုံးဝင်တဲ့ DIY ပရောဂျက် အိုင်ဒီယာ တစ်ခုကတော့ သစ်သားသော့ချိတ် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးနေနဲ့ သော့တွေကို နေရာလွှဲမှားစွာ ထားမိခြင်းက မကြာခဏကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ပါ။ ဖြေရှင်းနည်းကတော့ DIY သစ်သားသော့ချိတ် တစ်ခုကိုပြုလုပ်လိုက်ပါ။ အလွယ် တကူ ရနိုင်တဲ့ သစ်သားနဲ့ သော့ချိတ်တွေကို သုံးပြီး ကွီးရဲ့ ပင်ကိုယ်အနုပညာနှင့် လက်မှုပညာကို သုံးပြီး  ဒီ DIY  ပရိုဂျက်ကို လုပ်နိုင်ပါတယ်။

(၃) ဖန်ခွက်တင် သစ်သားစင်

Photo : Pinterest

ဖန်ခွက်တင်သစ်သားစင် ကလည်း လူတိုင်းအတွက် တကယ်ကို အသုံးဝင်တဲ့ DIY ပရောဂျက်ပဲ ဖြစ်ပါတယ်။ ကွီးတို့ စုံတွဲများအတွက် အတူတကွ သစ်သားနဲ့ လုပ်လို့ရတဲ့ ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။ ဖန်ခွက်တင်ဖို့အပြင် ဝိုင်နှင့် ရှန်ပိန်ပုလင်းများ တင်ဖို့အတွက်လည်း ဒီပရောဂျက်ကို ရိုးရှင်းလွယ်ကူစွာ လုပ်နိုင်ပါတယ်။ ကွီးအနေနဲ့ အလုပ်မှ အိမ်ပြန်ရောက်တဲ့အခါ အရက်တစ်ခွက်အေးဆေး Chill ဖို့ ဖန်ခွက်တင် သစ်သားစင် ရှိခြင်းကလည်း တကယ်ကို အသုံးဝင်စေပါတယ်။

ဒါ့အပြင် အမျိုးသားများအတွက် တကယ်ကို အသုံးဝင်တဲ့ DIY ပရောဂျက်တွေ အများကြီးရှိပါတယ်။ ဥပမာ အိမ်သုံး ဥယျာဉ်ခြံ သုံးပစ္စည်း  ကရိယာထည့် သစ်သားသေတ္တာ၊ သစ်သား အရက်ပုလင်းတင်စင် စတဲ့ DIY ပရောဂျက်တွေ က ကွီးတို့အားလုံးကို ပျော်စရာကောင်းစေပါတယ်။ ကွီးဖန်တီးလိုက်တဲ့ တန်ဖိုးအရှိဆုံးနှင့် အကောင်းဆုံး DIY ဒီဇိုင်းတွေက ကွီးဘဝအတွက် တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှုတစ်ခုကို လုပ်ချင်လို့ပဲ ဖြစ်ဖြစ်  ရှုပ်ပွနေတဲ့နေရာကို သပ်ရပ်ကြည့်ကောင်း အောင် လုပ်ချင်လို့ပဲဖြစ်ဖြစ် ကွီးတို့အိမ်မှာ လုပ်ကြည့်နိုင်တဲ့ တကယ်ကို အသုံးဝင်တဲ့ DIY ပရောဂျက် တွေ ကို လုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။

Source : Sawinery

Featured Photo : YouTube