အလှအပရေးရာ စိတ်မဝင်စားဘူးဆိုတဲ့ အမျိုးသားတွေတောင် အရွယ်တင်လိုက်တာ၊ နုလိုက်တာလို့ ချီးကျူးခံရတဲ့အခါ အင်မတန် သဘောခွေ့တတ်ကြပါတယ်။ တကယ်တော့ အရွယ်တင်နုပျိုခြင်းဆိုတာ ကျား မ မရွေးသဘောကျတဲ့ အရာတစ်ခုပါ။

ဒါကြောင့် ကိုယ့်လက်ရှိအသက်ထက် (၅) နှစ်လောက်ငယ်ရွယ်နေစေမယ့် လျို့ဝှက်ချက်တစ်ချို့ကို ဖောက်သည်ချပေးလိုက်ပါတယ်။

(၁) မျက်နှာအသားအရေးကို ဂရုစိုက်ပါ

Source : Men’s Journal

မျက်နှာဆိုတာ နုပျိုခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို ခွဲခြားတဲ့အဓိက နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။ အမျိုးသားအများစုက မျက်နှာအသားအရေထိန်းသိမ်းဖို့ စိတ်မရှည်ကြပါဘူး။ တစ်ခါတစ်လေမှာ မျက်နှာသစ်ဆေးတောင်မသုံးဘဲ အလွယ်လေး ရေချိုးဆပ်ပြာနဲ့တင် မျက်နှာသစ်လိုက်ကြတာမျိုးရှိပါတယ်။အရွယ်တင်နုပျိုချင်ရင်တော့ ဒီလိုအပြုအမူမျိုးတွေကို လုံးဝရှောင်ကြဉ်ပါ။ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို မှန်မှန်ကန်ကန်သုံးစွဲပါ။

(၂) စားသောက်မှု ပုံစံပြောင်းပါ

Source : Men’s Journal

အများစုက ပုံစံမမှန်တဲ့ စားသောက်မှုပုံစံတွေကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း ပြဿနာတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ စားသုံးတဲ့အစားအစာတွေရဲ့ (၇၅) ရာခိုင်နှုန်းက ဆားပါဝင်မှုများတဲ့အစားအသောက်တွေ ၊ အပူအစပ်တွေ ၊ ကျန်းမာရေးတဲ့မညီညွှတ်တဲ့ ကြာရှည်ခံအစားစားတွေပဲ ဖြစ်ပါတယ်။ ဒီလိုအစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး အသီးအရွက်တွေ ၊ လတ်ဆတ်တဲ့အော်ဂင်းနစ်အစားစာတွေကို စားသုံးပေးသင့်ပါတယ်။

(၃) လုံလောက်တဲ့အိပ်စက်ချိန် တစ်ခုသတ်မှတ်ပါ

Source : Men’s Journal

အရွယ်မတိုင်ခင်အိုမင်းရင့်ရော်လာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အိပ်စက်ချိန်မမှန်ခြင်း ၊ လုံလောက်တဲ့အိပ်စက်ချိန်တစ်ခုမရှိခြင်းစတဲ့ အချက်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။ ယနေ့ခေတ်လူတွေရဲ့ အိပ်စက်ချိန်တွေဟာ ဆိုရှယ်မီဒီယာတွေ ၊ Night Life တွေမှာ ကုန်ဆုံးနေတာ များပါတယ်။ ဒါကြောင့် ကျန်းမာနုပျိုချင်ရင်တော့ သင့်ရဲ့ အိပ်စက်ချိန်ကို အရင်ဆုံးပြောင်းလဲပါ။ တစ်နေ့ကို အနည်းဆုံး (၇) နာရီခန့် အိပ်စက်ဖို့ အကြံပြုချင်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

Source : telegraph.co.uk

လေ့လာတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေဟာ သာမာန်လူတွေထက် ပိုမိုနုပျိုကြပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေတဲ့အပြင် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာလုပ်ငန်းတွေကိုလည်း အထောက်အပံ့ကောင်းတွေ ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုဒဏ်တွေကိုလည်း လျော့ကျစေတာကြောင့် စိတ်ပျိုကိုယ်နုကာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တစ်ခုရရှိပိုင်ဆိုင်စေမှာပဲ ဖြစ်ပါတယ်။

(၅) တရားထိုင်ပါ

Source : Exploring your mind

အရွယ်တင်နုပျိုခြင်းရဲ့ အရေးကြီးဆုံး အချက်တွေထဲမှာ စိတ်ရဲ့ သက်ရောက်မှုကလည်း အရမ်းကို အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အတွေးပေါင်း (၆) သောင်းကျော်တွေးပြီး အဆိုပါအတွေးတွေရဲ့ (၈၅) ရာခိုင်နှုန်းက မကောင်းတဲ့အတွေးတွေဖြစ်ပါတယ်။ မကောင်းတဲ့အတွေးတွေကြောင့် စိတ်ပူပင်သောကတွေများလာပြီး စိတ်ဖိစီးမှုတွေ ပိုမိုများလာစေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အေးချမ်းအောင် တရားထိုင်ခြင်း ၊ ဝင်လေထွက်လေမှတ်ခြင်း စတဲ့စိတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။