Disney ပိုင် အမေရိကန်ရုပ်ရှင်လုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ Marvel Studios က ဒီနှစ်ထဲ ရုံတင်ထားတဲ့ Doctor Strange In The Multiverse Of Madness ဟာ ဒီတစ်ပတ် ကမ္ဘာတလွှားမှာ ရုံတင်ခ ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

doctor-strange-multiverse-of-madness

Photo: knownews

လက်ရှိ အနေအထားရဆို Doctor Strange In The Multiverse Of Madness ဟာ ပြည်တွင်းရုံတင်ခ ဝင်ငွေ ဒေါ်လာ ၃၄၂.၁ သန်း နဲ့ နိုင်ငံတကာရုံတင်ခ ဒေါ်လာ ၄၆၁.၁ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားဈေးကွက်တွေမှာ ဈေးကွက် ၄၉ ခုအတွက် ဒေါ်လာ သန်း ၄၀ နဲ့ ၅၃% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်အထိ အလားအလာအရဆို Doctor Strange ဟာ ကမ္ဘာတလွှား ဒေါ်လာ သန်း ၉၅၀ ဝန်းကျင် ဝင်ငွေ ရဖို့ ရှိပါတယ်။

ဒီထဲမှာ ရုရှားနဲ့ တရုတ်ဈေးကွက် ပါရှိခြင်း မရှိပါတယ်။ ၂၀၀၈ ခုနှစ်က စလို့ Marvel Studios ဟာ Marvel Cinematic Universe ထဲမှာ Iron Man (2008) က စပြီး Doctor Strange In The Multiverse Of Madness (2022) အထိ ရုပ်ရှင် ၂၈ ကား ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ Sam Raimi ရဲ့ Doctor Strange ဟာ MCU ရုပ်ရှင် ၂၈ ကားစာရင်းမှာ တစ်ကမ္ဘာလုံး ဝင်ငွေအတိုင်းအတာအရ နံပါတ် ၁၁ နေရာက ရှိနေပါတယ်။

Photo : The Direct

၂၀၂၂ ခုနှစ်အတွက်ဆိုရင် ဒီရုပ်ရှင်ဟာ ကမ္ဘာနဲ့ နိုင်ငံတကာ နံပါတ်တစ် ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။ တခြား ရုပ်ရှင်တွေထဲက ကမ္ဘာအနှံ့ ဝင်ငွေအမြင့်ဆုံး ရနေတဲ့ ဇာတ်ကားတွေထဲမှာ Sony ရဲ့ Uncharted ဟာ ဒေါ်လာသန်း ၄၀၀ ၊ Universal – DreamWorks Animation ရဲ့ The Bad Guys က ဒေါ်လာသန်း ၁၀၀ ရနေပါတယ်။

Featured Photo : L’Entrepreneur