Hip Hop ဂီတမှာ Rapping ဆိုတာ ကာရန်နဲ့ ကာရန်ညိစကားတွေ ၊ သံစဉ်ဖော်ထုတ်ချက်တွေကို ပုံစံမျိုးစုံနဲ့ စုစည်းပြီး Vocal Performance လုပ်ကြတာ ဖြစ်ပါတယ်။ Rap သီချင်း တစ်ပုဒ်မှာ ပြောတဲ့ အကြောင်းအရာ Content ၊ သံစဉ်ကာရန်အချိတ်အဆက် Flow နဲ့ စုဖွဲ့တင်ဆက်မှု Delivery ဆိုပြီး ၃ ပိုင်း ပါလေ့ရှိပါတယ်။ တခြား Music တွေနဲ့ မတူတာက အကြောင်းအရာဖြန်ု့ဖြူးမှုလို့ခေါ်တဲ့ Content Delivery ပိုင်းမှာ Hip Hop ဂီတက အမြန်ဘက် သွားပါတယ်။

ဒါကြောင့်ပဲ Rap သီချင်းတွေ ဆိုရင် အသံစီးဆင်းမှုတွေက တရစပ်ပစ်လွှတ်နေတာကို ခံစားရမှာပါ။ Rapper တွေဆိုရင် အသံကို အမြန်ကာရန်ချိတ်ဆက်မှုမျိုးနဲ့ သီဆိုတာ အဆန်းမဟုတ်ပါဘူး။ ဒီလို အဆန်းမဟုတ်တဲ့အထဲက အမြန်ဆုံး Rapping စတိုင်နဲ့ သီဆိုခဲ့ကြတဲ့ သီချင်းတွေကိုပဲ တင်ဆက်ပေးချင်ပါတယ်။

(၁) Tung Twista – Mista Tung Twista

Rap သီချင်း တွေထဲမှာ အမြန်ဆုံးသီချင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ သီချင်းက Tung Twista ရဲ့ Mista Tung Twista သီချင်းပဲ ဖြစ်ပါတယ်။ Chopper Style ရက်ပ်သီဆိုမှုနဲ့ နာမည်ကျော်တဲ့ Tung Twista ဟာ ၁၉၉၂ ခုနှစ်မှာ စကားသံ ၅၉၈ သံပါ သီချင်းကို ၅၅ စက္ကန့်နဲ့ သီဆိုပြီး ဂင်းနစ်ကမ္ဘာ့စံချိန်အရ အမြန်ဆုံးအင်္ဂလိပ် Rapper အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၂) Tech N9ne – Worldwide Choppers

Rapping ရွတ်ရာမှာ အမြန်ဆုံးလို့ ကျော်ကြားတဲ့ ထိပ်တန်း Rappers တွေထဲက Busta Rhymes ၊ Yelawolf ၊ Twista နဲ့ Aaron Dontez Yates (Tech N9ne) တို့ ပါဝင်ပြီး Featuring ဆိုထားတဲ့ Worldwide Choppers သီချင်းကလည်း အမြန်ဆုံး Rap Song တစ်ပုဒ်လို့ ဆိုပါတယ်။ Tech N9ne ဟာ ရက်ပ်ပါတစ်ဦးလည်း ဖြစ်သလို တေးရေးတေးဆို ၊ ထုတ်လုပ်သူလည်း လုပ်ပါတယ်။ သီချင်းအယ်လ်ဘမ်ပေါင်း ၂ သန်းကျော် ရောင်းချနိုင်ခဲ့သလို ရုပ်ရှင် ၊ TV နဲ့ Video Games တွေမှာပါ သရုပ်ဆောင်ထားပါတယ်။

(၃) Eminem – Rap God

Rap God ဟာ Eminem ရဲ့ အမြန်ဆုံးသီချင်းတွေထဲက တစ်ပုဒ် ဖြစ်ပါတယ်။ နာမည်ရင်း Marshall Bruce Mathers ဟာ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပြီး Eminem ဆိုတဲ့ အဆိုတော်နာမည်နဲ့ ကမ္ဘာကျော်ပါတယ်။ Eminem ဟာ ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံး ဂီတအဆိုတော်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အချပ်ရေသန်း ၂၂၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Rap God ဟာ YouTube မှာ ကြည့်ရှုသူ ၁.၂ ဘီလျံကျော် ရှိပြီး ကမ္ဘာ့အမြန်ဆုံး Rap Song တစ်ပုဒ်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Featured Photo : worldstopinsider