နည်းပညာများ တဖြည်းဖြည်း တိုးတက်လာသည်နှင့် လူသားများသည် နည်းပညာများရဲ့ အကူအညီနှင့် ပိုမိုသက်သာပြီး အဆင့်မြင့်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်လာကြပြီပဲ ဖြစ်ပါတယ်။ အရင်ကဆိုရင် ပစ္စည်း တစ်ခုခု ရှာဝယ်ချင်တယ်ဆို မအားတဲ့ကြားထဲက အပြင်ထွက်ဝယ်ကြရပြီး အချိန်လည်းကုန် လူလည်း ပင်ပန်းရပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ အွန်လိုင်းကနေ အလွယ်တကူ ဝယ်ယူလို့ရတဲ့ E-commerce ဝက်ဘ်ဆိုဒ်များလည်း အများအပြား ရှိလာပြီး အချိန် ကုန်သက်သာလာပြီပဲ ဖြစ်ပါတယ်။

လိုချင်တာ အားလုံးကို E-commerce ဝက်ဘ်ဆိုဒ်ကနေ တဆင့် လေ့လာကြည့်ရှုရင်း အပြင်ထွက်ဝယ်ကာ အချိန် ကုန်ခံ၊ လူပင်ပန်းခံရတဲ့ ဒုက္ခကနေ လွန်မြောက်နိုင်ပြီပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ E-commerce အသုံးပြုခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက အများအပြားပဲ ဖြစ်ပါတယ်။

မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခြင်း

ိစိတ်ကြိုက်

ကွီးတို့က ရှော့ပင်းမောလ်တွေမှာ ဈေးဝယ်နေပြီပဲ ထားပါတော့။ ကွီးတို့က ကိုယ် လိုချင်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို လိုက်ရှာနေရင်း အရောင်းဝန်ထမ်းတစ်ယောက်က အနားရောက်လာပြီး ပစ္စည်းမျိုးစုံအကြောင်းကို စီကာပတ်ကုံး ရှင်းပြပါတော့မယ်။ နောက်ဆုံးမှာ ကိုယ် မလိုချင်တဲ့ ပစ္စည်းတစ်မျိုးကို အားနားပါနာနဲ့ ဝယ်လိုက်ရတဲ့အဖြစ်မျိုး ကြုံဖူးပါသလား။ ဒါဆိုရင်တော့ E-commerce က ကွီးတို့အတွက်ပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့်ကို အရမ်းကာရော ဧည့်ဝတ်ကျေပွန်နေတဲ့ အရောင်းဝန်ထမ်းကို အားနာစရာမလိုဘဲ ကိုယ်လိုချင်တာကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

ရိုးရှင်းပြီး သက်သောင့်သက်သာရှိခြင်း

E-commerce အချိန်

ကွီးတို့အနေနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် ဖုန်း (သို့) လက်ပ်တော့လေး တစ်လုံးလောက်ရှိရုံနဲ့ အပြင်ထွက်စရာမလိုဘဲ ဈေးဝယ်နိုင်ပါတယ်။ ရာသီဥတု မကောင်းလို့၊ မိုးရွာလို့ ဈေးသွားမဝယ်ရဘူး၊ နေမကောင်းလို့ ဈေးမဝယ်ဖြစ်ဘူး အစရှိတဲ့ အကြောင်းပြချက်များ ပေးနေစရာမလိုတော့ပါဘူး။ လက်ထဲမှာ ငွေသား မရှိလို့ ဈေးဝယ်မထွက်ရဘူး အစရှိတဲ့ အကြောင်းပြချက်များ မလိုအပ်တော့ပါဘူး။ ကွီးတို့အနေနဲ့ ဘယ်မှ သွားစရာမလိုဘဲ အွန်လိုင်းကနေ ဈေးဝယ်လိုက်ရုံပါပဲ။

အချိန်ကုန်သက်သာခြင်း

E-commerce အချိန်

အချိန်ကုန်သက်သာခြင်းသည် E-commerce အသုံးပြုခြင်းရဲ့ အကောင်းဆုံး အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဆိုင်ဖွင့်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ညသန်းခေါင်မှအားလို့ ထိုအချိန်မှ ဝယ်မယ်ဆိုလည်း ရပါသေးတယ်။ စုစုပေါင်း ကြာချိန်က အလွန်ဆုံး ၁၅ မိနစ်ပါပဲ။ ထို့နောက် ကွီးတို့ ဝယ်ယူထားတဲ့ ပစ္စည်းသည် ၂ ရက်ကနေ ၇ ရက်အတွင်း ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

ငွေကုန်ကြေးကျသက်သာခြင်း

E-commerce အချိန်

Photo: Buckeyedivers

အွန်လိုင်း ဝက်ဘ်ဆိုဒ်ကနေတဆင့် ဈေးဝယ်တဲ့အခါ ကွီးတို့ သွားလာခ၊ တက္ကစီခ၊ ကားခ အစရှိသည်တို့ သက်သာစေပြီး ကားတိုးစီးရတဲ့ ပြဿနာ၊ ကားပိတ်တဲ့ ပြဿနာများမှလည်း ကင်းဝေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နာမည်တစ်လုံးနဲ့ ရပ်တည်နေကြတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့အတွက်ကြောင့် ဈေးတွေ အဆမတန်တင်ပြီး ဂျင်းထည့်တာမျိုးလည်း မရှိပါဘူး။ ကွီးတို့ စိတ်ချလက်ချ ဝယ်ယူရုံပါပဲ။

ကွီးတို့ရော ရှော့ပင်းမောလ်ဆီသွားပြီး ကိုယ်တိုင် ကိုယ်ကျ ဈေးဝယ်နေတုန်းလား။ E-commerce သုံးပြီး ကွီးတို့ရဲ့ အချိန် တွေ အလဟဿ မဖြစ်အောင် မကယ်တင်ချင်ဘူးလား။

Source: Cloudtalk.io

Featured Image: Freepik