အခြားသော ဘာသာစကား တစ်ခုကို တတ်မြောက်ထားခြင်းက ကွီးတို့ဘဝအတွက် တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ပါတယ်။ ထိုအထဲမှာ ကမ္ဘာသုံး အင်္ဂလိပ်စကားကို တတ်မြောက်ထားခြင်းက ကွီးတို့အတွက် ဘက်ပေါင်းစုံကနေ အခွင့်အလမ်းအများကြီးကို ရရှိစေပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စကားကို အမြဲလေ့လာနေရင်တော့ မမှားပါဘူး။ ဘာသာစကားတစ်ခုကို သင်ယူလေ့လာနည်း အမျိုးမျိုးရှိသော်လည်း စိတ်ဝင်စားဖွယ် သင်ယူရင်တော့ မြန်မြန်တတ်မြောက်ပြီး ပျင်းရိငြီးငွေ့ဖွယ်လည်း ခံစားရမှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ E စကေးကို မြှင့်တင်နိုင်မယ့် ဇာတ်ကားကောင်း တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Men in Black (1997)
Source :Rotten Tomatoes
ဒီဇာတ်ကားက အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး နားလည်ရလွယ်ကူပါတယ်။ ဒီဇာတ်ကားထဲမှာ Will Smith က ဘာသာစကားကို ရှင်းရှင်းလင်းလင်းအသုံးပြုကာ ခေါင်းဆောင်သရုပ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက ဂြိုလ်သားများကို အမဲလိုက်သည့် လျှို့ဝှက်အေးဂျင့်များအကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပြီး ကွီးတို့ရဲ့ အကြားစွမ်းရည်ကိုပါ တိုးတက်လာစေပါလိမ့်မယ်။
The Queen (2006)
Source : Rotten Tomatoes
ဒီဇာတ်ကားကတော့ မင်းသမီး Diana သေဆုံးမှုနှင့် ပတ်သက်ကာ UK တော်ဝင်မိသားစုရဲ့ တုံ့ပြန်မှုကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားက စိတ်ဝင်စားဖွယ်ကောင်းပြီး ကွီးတို့အနေနဲ့ အင်္ဂလိပ်စကားလုံးများနဲ့ အသံထွက်များကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Notting Hill (1999)
Photo :Movieclips
ဒီဇာတ်ကားကတော့ အချစ်ဟာသကားလေး ဖြစ်ပြီး လန်ဒန်မှာ ရိုက်ကူးထားကာ အမေရိကန်ရုပ်ရှင် ကြယ်ပွင့်တစ်ဦးကို နှစ်သက်သဘောကျတဲ့ စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးတို့ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဆုံးသတ်မှာ နွေးထွေးမှုအပြည့်နဲ့ ကြည်နူးဖွယ်ခံစားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာပြီး ဇာတ်ကားကောင်းလေးကြည့်ရင်းနဲ့ ကွီးတို့ Weekend ကို ဖြတ်သန်းနိုင်ပါတယ်။
The Hunger Games (2012)
Source : Rotten Tomatoes
The Hunger Games ဇာတ်ကားတွေကို ကွီးတို့ တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ မကြည့်ရသေးရင် အခုပဲ ကြည့်လိုက်ပါ။ မင်းသမီးချော Jennifer Lawrence ပါဝင်ထားပြီး စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကို ကြည့်ရင်း နားလည်လွယ်တဲ့ အမေရိကန် လေယူလေသိမ်းကို လေ့လာနိုင်ပါတယ်။
The King’s Speech (2010)
Source : Rotten Tomatoes
ဒီဇာတ်ကားက အင်္ဂလိပ်စာ လေ့လာဖို့အတွက် ကြည့်မယ်ဆိုရင် တော်တော်လေး အဆင်ပြေပါတယ်။ ဒီဇာတ်ကားက ဗြိတိန်ပြည်သူတွေကို မိန့်ခွန်းပြောဖို့ အတားအဆီးကို ကျော်ဖြတ်ခဲ့ရတဲ့ အင်္ဂလန်ဘုရင် George ကို အဓိကထားပြီး ရိုက်ကူးထားတာကြောင့် ဖျော်ဖြေမှုသာမကဘဲ အသံထွက်သင်ခန်းစာလည်း အပြည့်အစုံလေ့လာနိုင်ပါတယ်။
The Babadook (2014)
Source : Rotten Tomatoes
အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့သားငယ်တို့က The Babadook ဟုခေါ်သော ဘီလူးတစ်ကောင်အကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့ရှိပြီးနောက် သူမတို့ရဲ့အိမ်မှာ ထူးဆန်းသည့်အရာများ စတင်ဖြစ်ပွားခဲ့ပါတယ်။ ခြောက်ခြားဖွယ်ကားလေးကြည့်ရင်း အင်္ဂလိပ်စာလေ့လာချင်ရင်တော့ ဒီကားလေးကို ရွေးချယ်လိုက်ပါ။
E စကေးကို မြှင့်တင်ချင်တဲ့ ကွီးတို့အတွက် ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်လိုဇာတ်ကား အမျိုးအစားကိုမဆို အင်္ဂလိပ်စာလေ့လာရင်း သေချာကြည့်ရှုမယ်ဆိုရင် အကြားစွမ်းရည် တိုးတက်လာခြင်း၊ ဝေါဟာရအသစ်များ သိရှိလာခြင်းနဲ့ ကွီးတို့ရဲ့ အပြောစွမ်းရည် အပေါ်မှာပါ အများကြီး အကျိုးပြုနိုင်ပါတယ်။
Source : EF
Featured Photo : IMDb