တစ်ရက်တစ်ရက် စိတ်ပင်ပန်းစရာအကြောင်းတရားတွေက အများသား။ အလုပ်ကြောင့် ၊ မိသားစုကြောင့် ၊ ရောဂါဘေးကြောင့် ၊ စီးပွားရေးအခြေအနေတွေကြောင့် စတဲ့စတဲ့ မရေတွက်နိုင်တဲ့ အကြောင်းတရားတွေက စိတ်ပင်ပန်းစရာအဖြစ် လူတွေရဲ့နေ့စဉ်ဘဝထဲ ဝင်‌ရောက်နေပါတယ်။ ဒီလို စိတ်ပင်ပန်းစရာတွေနဲ့ ကြုံလာတဲ့အခါ စိတ်သက်သာရာရစေပြီး ရွှင်လန်းတက်ကြွစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Bicycle Crunches

Bicycle Crunches

Photo: The Movement Corner

ဆိုဖာပေါ်မှာ စက်ဘီးစီးတဲ့လေ့ကျင့်ခန်းပါ။ တကယ့်စက်ဘီးစီးတာမျိုး မဟုတ်ဘဲ ဆိုဖာခုံတန်းတစ်ခုပေါ်မှာ ထိုင်ပြီး လုပ်ရတာပါ။ ဆိုဖာပေါ် ထိုင်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ထားပြီး ခါးအားထိန်းရင်းနဲ့ ခြေထောက်တွေကို လေထဲမှာ စက်ဘီးစီးသလို လှုပ်ရှားရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကို အခါ ၂၀ နှုန်းနဲ့ ၃/၄ ကြိမ် လုပ်ရမှာပါ။

(၂) Aerobic

Aerobic

Photo: La Naclon

အေရိုးဗစ်လေ့ကျင့်ခန်းတွေက ချွေးစို့လာပြီး သွေးလည်ပတ်မှုအမြန်တက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုထဲမှာ ပါပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့ စိတ်ကြည်လင်ရွှင်လန်းစေဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတွေပါပဲ။ အေရိုးဗစ်ရဲ့ အဓိကအားသာချက်က သွေးထဲ အောက်ဆီဂျင်ရောက်ရှိမှုကို အမြန်တက်စေပြီး ချက်ချင်းစိတ်လက်ရွှင်လန်းစေတာပဲ ဖြစ်ပါတယ်။

(၃) Low-Key Exercises

Running On Treadmill

Photo: BestLifeOnline

ယောဂ တို့ ထိုက်ကျိတို့လို အားကစားတွေကို Low-Impact, Low-Key Exercises တွေလို့ ခေါ်ပါတယ်။ အပေါ့စား ကိုယ်လက်လှုပ်ရှားမှုထဲမှာ ပါတဲ့ ရေကူးတာ ၊ စက်ဘီးစီးတာ ၊ လမ်းလျှောက်တာတွေကိုလည်း Low-Key Exercises ထဲမှာ ထည့်ပြောကြပါတယ်။ Cardio ပိုင်း အားပေးပြီး နှလုံးခုန်နှုန်းကို ပိုမြင့်စေပြီး ပင်ပန်းမှုကို သိသိသာစာ လျော့ပါးစေတာကြောင့် စိတ်ပင်ပန်းလာတယ်လို့ ခံစားရင် နေရာက ထပြီး လမ်းလျှောက်တာ ၊ ထိုက်ကျိကစားတာမျိုး လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

Featured Photo: The Manual