အသက် (၄၀) ကျော်သွားတဲ့ အမျိုးသားများအနေနဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်က ဆယ်စုနှစ်တစ်ခုပြည့်သွားတိုင်းမှာ ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားပါတယ်။ ထိုလျော့ကျသွားတဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက်ဆိုရင် တစ်နေ့ကို ကယ်လိုရီ ၁၀၀ ခန့် လျော့စားမှသာလျှင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ကိုယ်အလေးချိန်တက်လာမှာပါ။

သင့် အသက် (၄၀) ကျော်လာတဲ့အခါ ခန္ဓာကိုယ်အလေးချိန်က ငယ်ရွယ်စဉ်တုန်းကလိုမဟုတ်တော့ဘဲ ဝိတ်တက်လာတာကို သတိထားမိနေတယ်ဆိုရင်တော့အ ခုဖော်ပြပေးမယ့်အချက်များကို ပြုလုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

morning exercise for men over 40

ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ် လျော့ကျသွားသည်နှင့်တပြိုင်နက် လေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်ကိုလည်း တိုးမြှင့်ပေးဖို့ လိုအပ်လာပါပြီ။ အရင်လို မိနစ် ၃၀ တည်း လေ့ကျင့်ခန်းလုပ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ တစ်နာရီ၊ တစ်နာရီခွဲခန့် ပြုလုပ်မှသာ ကြွက်သားများ မဆုံးရှုံးမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း သီးသန့်မလုပ်ချင်တဲ့ အမျိုးသားများကတော့ တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်းခန့် လမ်းလျှောက်ပေးမှရပါလိမ့်မယ်။

ဗီတာမင်များ ကြွယ်ဝအောင် စားသုံးပါ

eat more vitamins for a healthy lifestyle

လူသားတွေရဲ့အသက်အရွယ်အပိုင်းအခြားအလိုက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များသည်လည်း ကွဲပြားသွားတတ်ပါတယ်။ အသက် (၄၀) ကျော်တဲ့ အမျိုးသားများအနေနဲ့ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် B12 ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဒီ၊ အိုမီဂါသရီနှင့် ပရိုဘိုင်အိုးတစ် ကြွယ်ဝတဲ့အစားအစာများ များများ မှီဝဲသင့်ပါတယ်။

အစားအစာများကို အချိန်မှန်မှန် စားသုံးပါ

healthy food for healthy lifestyle

Photo: Crucialfour.com

ဝိတ်လျော့ဖို့အတွက် အစား ရှောင်ခြင်းကို အာဟာရပညာရှင်များက အားမပေးကြပါဘူး။ အစား ရှောင်မယ့်အစား အစားအစာကို အချိန်မှန်မှန်နဲ့ နည်းနည်းစီ စားသုံးပေးရုံမျှဖြင့် လုံလောက်ပါတယ်။ အထူးသဖြင့် မနက်စာ မစားတဲ့အလေ့အကျင့်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ညဘက်မှာ သွားရေစာမုန့်များ စားသုံးခြင်းကို ရပ်တန့်သင့်ပါတယ်။

ရေ များများ သောက်ပါ

man drinking water healthy lifestyle

ရေ များများ သောက်သုံးခြင်းက ခန္ဓာကိုယ်ထဲရှိ အဆီပိုများ၊ ကယ်လိုရီများကို လောင်ကျွမ်းဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ရေက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသေးတယ်။ အစား မစားခင်မှာ ရေ တစ်ဖန်ခွက်ခန့် အဝသောက်သုံးပေးခြင်းက အစား အလွန်အကျွံစားချင်စိတ်ကို တားဆီးပေးနိုင်ပါသေးတယ်။

ဒီအချက်များကို နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် အသက် (၄၀) ကျော်လာပါပေမယ့်လည်း ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်လို ဖျတ်လက်တက်ကြွပြီး ကြံ့ခိုင်သန်မာနေတုန်းပဲဖြစ်မှာပါ။

Source: Brightside.me