ဝမ်းဗိုက်က အဆီပိုတွေ ချဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ယောကျာ်းများအတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

အပြင်သွားစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေပါ။

Plank ထောက်ခြင်း

belly fat exercise for men

Source: Brightside.me

Plank ထောက်တဲ့ လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေအတွက် ထိရောက်မှုအရှိဆုံးလေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ အခုမှ လေ့ကျင့်ခန်းစလုပ်မယ့် သူတွေကတော့ စက္ကန့် ၃၀ လောက်သာ ပြုလုပ်ပါ။ ရက်တဖြည်းဖြည်းကြာလာပြီး ကျင့်သားရလာမှ စက္ကန့် ၆၀ တိုးလုပ်ပါ။ အများဆုံး လုပ်ရမယ့်အချိန်ကတော့ စက္ကန့် ၉၀ ဖြစ်ပါတယ်။ တစ်ကြိမ်လုပ်ပြီး စက္ကန့် ၃၀ မှ ၆၀ အထိ အနားယူနိုင်ပါတယ်။

ဆူမို Squat

belly fat exercise for men

ဒီလေ့ကျင့်ခန်းကိုတော့ ၁၂ ကြိမ် ၄ ခါ (သို့) ၁၅ ကြိမ် ၃ ခါ ပြုလုပ်နိုင်ပါတယ်။

ကြိုးခုန်ခြင်း

belly fat exercise for men

ကြိုးခုန်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တာကြောင့် တစ်နေ့ကို ၂ မိနစ်ကနေ ၁၀ မိနစ်ခန့်ကြာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ရေကူးခြင်း

belly fat exercise for men

ရေကူးလေ့ကျင့်ခန်းကလည်း ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ခန့် ရေကူးရုံနဲ့ တစ်လအတွင်း ဝမ်းဗိုက်လေးက သိသိသာသာပြားချပ်သွားမှာပဲဖြစ်ပါတယ်။

စက်ဘီးစီးလေ့ကျင့်ခန်း

belly fat exercise for men

Source: 24Life

လက်နှစ်ဖက်ကို နားနောက်ကပ်ထားပါ။ ဒူးကွေးထားပြီး လှဲအိပ်နေပါ။ ရင်ဘတ်အပေါ်ပိုင်းကို ကြွလိုက်တဲ့အချိန်မှာ ညာဒူးကို ရင်ဘတ်ဆီ ဆွဲကပ်လိုက်ပါ။ ညာဒူးနဲ့ ဘယ်တံတောင်ဆစ်နဲ့ ထိကပ်လိုက်ပါ။ ပြီးတဲ့အခါ ဘယ်ဒူးနဲ့ ညာတံတောင်ဆစ်ကို တစ်လှည့်ထပ်ထိပေးလိုက်ပါ။ ဘယ်ညာတစ်လှည့်စီ လုပ်ပေးလို့လည်း ရသလို၊ ဘယ်ချည်းပဲ ၁၅ ကြိမ်၊ ညာချည်းပဲ ၁၅ ကြိမ် ပြုလုပ်နိုင်ပါတယ်။

Source: Brightside.me

Featured Image Source: Eatthis.com