သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိရဲ့လား။ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်လို့ ပြောနေကြပေမယ့် တကယ်တမ်းကိုယ့်ခန္ဓာကိုယ်အလေးချိန်ကို စိတ်တိုင်းမကျတဲ့အခါ ကိုယ့်ကိုယ်ကိုယ် Confidence ရှိဖို့လည်း ခက်ခဲပါတယ်။

သင့်အနေနဲ့ သင့်ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တဲ့အချိုးအစားထက် ပိုများနေပြီလို့ ယူဆလာခဲ့ရင်တော့ လေ့ကျင့်ခန်းပြန်လုပ်ဖို့လိုအပ်ပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်သည် အဝလွန်လာတဲ့အခါ ပြင်ပမှ ရောဂါများ အလွယ်တကူဝင်ရောက်လာတတ်လို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် အဝလွန်နေပြီလို့ ခံစားနေရတဲ့ ယောကျာ်းများအတွက် ကျန်းမာတဲ့ခန္ဓာကိုယ် ပြန်လည်ပိုင်ဆိုင်နိုင်အောင်လို့ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ဖြည်းဖြည်းနဲ့ မှန်မှန်ပြုလုပ်ပါ

Effective workouts for overweight men

Workout Plan အများစုက အောင်မြင်မှုထက် ရှုံးနိမ့်တဲ့ရာခိုင်နှုန်းက ပိုများလေ့ရှိပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ လူအများသည် ကောက်ရိုးမီးလို တစ်ရက် နှစ်ရက်အတွင်း လေ့ကျင့်ခန်းများ အပြင်းအထန်ပြုလုပ်ပြီး ရက်ပိုင်းအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုကြီးကြီးမားမား မမြင်ရတော့တဲ့အခါ လက်လျော့လိုက်ကြတာပဲဖြစ်ပါတယ်။

သင် နှစ်ရှည်လများက စားသုံးထားတဲ့ ကယ်လိုရီများ၊ အဆီများကို တစ်ရက်နှစ်ရက်တည်းနဲ့ ဖယ်ရှားလို့ မရပါဘူး။ အချိန်ယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ ဖြည်းဖြည်းနဲ့ မှန်မှန်ပြုလုပ်ခြင်းသည် အရေးအကြီးဆုံးဖြစ်ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေက အဝလွန်သူများအတွက် ထိရောက်မှုရှိစေသလဲဆိုတော့ …

လေ့ကျင့်ခန်း (၁)

Effective workouts for overweight men

Source: Eevshop

ခုံတစ်လုံးပေါ်တွင် ခြေထောက်တစ်ချောင်း ကြွပြီး ထိုင်လိုက် ထလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ရပါမယ်။ ၁၄ ကြိမ် ပြုလုပ်ပြီးတဲ့အခါမှာတော့ ခြေထောက်ကိုအခြားတစ်ဖက် ပြောင်းကာ နောက်ထပ် ၁၄ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီအဆင့်အထိဆို တစ်ကျော့ပြည့်သွားပြီဖြစ်ပါတယ်။ တစ်မိနစ်လောက်နားပြီး နောက်ထပ် နှစ်ကျော့ခန့် ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

Effective workouts for overweight men

Source: WikiHow

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် ခြေထောက်နှစ်ချောင်းကို တစ်ခုပေါ် တစ်ခုထပ်ထားပြီး ဒူးဖြင့် ထောက်ထားလိုက်ပါ။ ထို့နောက် တံတောင်ကို ဖြောင့်လိုက်၊ ဆန့်လိုက်ဖြင့် ဒိုက်ထိုးသလို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသက်ကိုလည်း ပုံမှန်အတိုင်း ရှုသွင်းရှုထုတ်ပြုလုပ်ပေးလိုက်ပါ။ ၁၀ ကြိမ် ပြုလုပ်ပြီးနောက် ၁ မိနစ်နားပါ။ ထို့နောက် နောက်ထပ် ၂ ကျော့ခန့် ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Effective workouts for overweight men

သက်လုံကောင်းဖို့အတွက်ဆိုပြီး Gym ကို တကူးတကသွားနေစရာမလိုပါဘူး။ လှေကား အတက်အဆင်းကိုပဲ ပြုလုပ်ပေးရင်ရပါပြီ။ အရင်ဦးဆုံး လှေကား အောက်ဆုံးကနေ စပါ။ ထို့နောက် အရှေ့တူရှုသို့ကြည့်ပြီး အသက်ကို ဖြည်းဖြည်းမှန်မှန် ရှုသွင်း ရှုထုတ်ပြုလုပ်ကာ လှေကားကို အတက်အဆင်း ပြုလုပ်ပေးလိုက်ပါ။ သင် ပြုလုပ်နိုင်တဲ့အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Effective workouts for overweight men

ဒီလေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်မှာ ရှိတဲ့ အဆီပိုများကို သိသိသာသာဖယ်ရှားပေးပါတယ်။ စစချင်းပြုလုပ်တဲ့အခါ စက္ကန့် ၃၀ နဲ့ အစပြုပါ။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာပြီဆိုရင်တော့ အချိန်ကို တဖြည်းဖြည်း တိုးလိုက်ပါ။

Source: Menshealth.com

Featured Image Source: Fashionbeans