နည်းပညာများ တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ လူနေမှု အဆင့်အတန်းများကလည်း တစ်စထက် တစ်စ တိုးမြင့်လာပါတော့တယ်။ အရင်တုန်းကဆိုရင် ကြိုးဖုန်းများ၊ ဆယ်လူလာဖုန်းများကို အသုံးပြုရာကနေ အခုဆိုရင် ဆင်းကဒ်များ ထည့်ကာ အသုံးပြုလို့ရတဲ့ စမတ်ဖုန်းတွေကို အသုံးပြုလို့ရပါပြီ။ တစ်စထက် တစ်စ တိုးတက်လာရာကနေ အခုဆိုရင် eSIM တွေကလည်း ပေါ်ပြူလာဖြစ်နေပါတယ်။ eSIM ကို အသုံးပြုခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုး ကျေးဇူး များကလည်း အများအပြားပါပဲ။

eSIM တစ်ခုက ပျောက်ဆုံးသွားတာမျိုး ပျက်ဆီးသွားတာမျိုး မရှိပါဘူး

sim cards

eSIM ဆိုတာသည် Physical SIM Card အသုံးပြုစရာမလိုဘဲ ဆက်သွယ်ရေးကွန်ရက်၏ ဝန်ဆောင်မှုများကိုရယူနိုင်သည့် ဒစ်ဂျစ်တယ် SIM Card ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Physical ဆင်းကဒ်တွေလိုမျိုး ကျိုးပျက်သွားတာမျိုး၊ ပျက်ဆီး ဆုံးရှုးသွားတာမျိုးကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။

အလွယ်တကူ ပြောင်းရွေ့နိုင်ခြင်း

eSIM ကျေးဇူး

အရင်တုန်းကဆို ဖုန်းတစ်လုံးမှာ ဆင်းကဒ်တစ်ခုတည်းသာ အသုံးပြုနိုင်တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ဆင်းကဒ် နှစ်ခု အသုံးပြုလို့ရတဲ့ Dual Sim ဖုန်းတွေလည်း ထွက်ရှိလို့ လာခဲ့ပါပြီ။ ထိုမှတဆင့် eSIM တစ်ကဒ်နဲ့ Physical SIM ကဒ်တို့ကိုပါ တစ်ပြိုင်တည်း အသုံးပြုလာနိုင်ပါပြီ။ eSIM အသုံးပြုနေပေမယ့်လည်း လိုင်းဆွဲအား ပိုကောင်းတဲ့ ဆင်းကဒ်ကို Slot 1 မှာ ထည့်ချင်သလား၊ Slot 2 မှာ ထည့်ထားချင်သလား အလွယ်တကူ ပြောင်းရွေ့လို့ရပါတယ်။

နိုင်ငံတွေ အများကြီး ဖြတ်ကျော်ရင်တောင် အသုံးပြုနိုင်ခြင်း

eSIM ကျေးဇူး

Photo: Esimaccess

မကြာခဏဆိုသလို ပြည်ပခရီးသွားရတဲ့ ကွီးတို့အနေနဲ့ eSIM အသုံးပြုခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုး ကျေးဇူးတစ်ခုကတော့ နိုင်င့တွေ အများကြီး ကျော်ဖြတ်သွားရလည်း စိတ်ပူစရာမရှိဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။

eSIM အသုံးပြုလို့ရတဲ့ ဖုန်းအမျိုးအစားများ

eSIM ကျေးဇူး

ယခုဆိုရင် နောက်ဆုံးပေါ် ဖုန်းမော်ဒယ်တွေကလည်း အများကြီး ထွက်ပေါ်လို့ လာခဲ့ပါပြီ။ ထိုဖုန်းမော်ဒယ် အများကြီးထဲကမှ eSIM သုံးလို့ရတဲ့ ဖုန်းမော်ဒယ်အချို့ကတော့ အခုဖော်ပြပေးမယ့် ဖုန်းမော်ဒယ်များပဲ ဖြစ်ပါတယ်။

iPhone ထဲမှာဆိုရင်တော့ iPhone X Series ကစလို့ အခုနောက်ဆုံး ထွက်ရှိထားတဲ့ iPhone 15 Series တွေအထိ အသုံးပြုနိုင်ပါတယ်။

iPad ထဲမှာဆိုရင်တော့

  • Pad Pro 9 (5th Gen)
  • iPad Pro 11-inch (1st Gen, 2nd Gen, 3rd Gen)
  • iPad Pro 9-inch (3rd Gen, 4th Gen)
  • iPad Air (3rd Gen, 4th Gen, 5th Gen)
  • iPad (7th Gen, 8th Gen, 9th Gen)
  • iPad mini (5th Gen, 6th Gen) အစရှိတဲ့ အမျိုးအစားများတွင် အသုံးပြုနိုင်ပါတယ်။

Samsung ထဲမှာဆိုရင်တော့ Z Series ၊ S Series ၊ Tab Series နဲ့ Note Series တွေမှာ အသုံးပြုနိုင်ပါတယ်။

Huawei ထဲမှာဆိုရင်တော့ P40, P40Pro, Mate 40 Pro နှင့် Mate XS မော်ဒယ်တို့မှာ အသုံးပြုနိုင်ပါတယ်။​

Xiaomi ထဲမှာဆိုရင်တော့ Mi 12T Pro 5G, Mi 13 5G နှင့် Mi 13 Pro 5G မော်ဒယ်တို့တွင် အသုံးပြုနိုင်ပါတယ်။ Oppo ထဲမှာဆိုရင်တော့ A Series များနှင့် X90 Pro 5G တို့မှာ အသုံးပြုနိုင်ပါတယ်။ Vivo ထဲမှာဆိုရင်တော့ Find X5 Pro နှင့် Find N2 Flip 5G တို့တွင် အသုံးပြုနိုင်ပါတယ်။

ကွီးတို့ရော eSIM ကို လက်ရှိအချိန်မှာ အသုံးပြုနေပါသလား။

Source: Campuspress.yale.edu

Featured Image: Telecom.economictimes.indiatimes