ကိုယ်လက်လှုပ်ရှားမှုနည်းလို့ပဲ ဖြစ်ဖြစ် အသက်ကြီးလာလို့ပဲ ဖြစ်ဖြစ် အရိုးအဆစ်နဲ့ အကြောအခြင်တွေ တောင့်တင်းနာကျင်တတ်ပါတယ်။ အကြောအဆစ် နာကျင်တဲ့သူတွေဟာ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးရင် အဆစ်အမြစ်လှုပ်ရှားမှု ကောင်းလာပြီး ကြက်သားဆုံးရှုံးမှုနဲ့ အားနည်းမှုကို ကာကွယ်နိုင်ပါတယ်။ အကြောအခြင်တွေ ပြေလျော့လာပြီး လှုပ်ရှားရ သွက်လက်ပေါ့ပါးလာတတ်ပါတယ်။
အဆစ်အမြစ် ရောင်ကိုင်းပြီး အကြောအခြင်နာကျင်ကိုက်ခဲမှုဒဏ် ခံစားနေရပြီဆိုရင် အခုပြောမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဖို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။
(၁) ရေလေ့ကျင့်ခန်း

Photo: ifafitness
ရေကူးတာ ၊ ရေထဲမှာ အေရိုးဗစ်ကစားတာ ၊ ရေထဲမှာ လှုပ်ရှားမှုလုပ်တာကို Water Exercise ရေလေ့ကျင့်ခန်းလုပ်တယ်လို့ ခေါ်ပါတယ်။ တစ်ကိုယ်လုံးအကြောအခြင်တွေ တောင့်တင်းနေရင် ရေနွေးနွေးလေးထဲမှာ Water Exercise လုပ်ပေးသင့်ပါတယ်။
(၂) ထိုက်ကျိ

Photo: Unsplash
တရုတ်ရိုးရာကိုယ်ခံပညာတစ်ရပ်ဖြစ်တဲ့ ထိုက်ကျိကစားနည်းဟာ ညင်သာဖြေးညင်းတဲ့ လှုပ်ရှားမှုနဲ့ စိတ်စုစည်းချက်တို့ ပေါင်းစည်းပြီး ဟန်ချက်ညီလှုပ်ရှားတာပါ။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားလုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး အကြောအခြင်တင်းမာ တောင့်ခဲနေတာတွေ သက်သာစေပါတယ်။
(၃) စက်ဘီးစီးခြင်း

Photo: Unsplash
စက်ဘီးစီးခြင်းဟာ နှလုံးကျန်းမာရေးအားပေးပြီး ခြေထောက်ကြံ့ခိုင်မှုနဲ့ မနက်ခင်း တစ်ကိုယ်လုံးတောင့်တင်းနေတာကို အဖြစ်နည်းစေပါတယ်။ စက်ဘီးထွက်စီးတာဟာ စိတ်ရောလူပါ လန်းဆန်းပြီး အားသစ်ဝင်စေတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ စက်ဘီးမစီးချင်သူတွေကတော့ တစ်ရက် နာရီဝက်လောက် လမ်းလျှောက်ပေးသင့်ပါတယ်။
(၄) ယောဂ

Photo: Unsplash
အသက်ရှုခြင်းနဲ့ စိတ်ဖြေလျှော့ခြင်းတို့ ပေါင်းစည်းပြီး လှုပ်ရှားတဲ့ ယောဂကစားနည်းကလည်း အကြောအခြင်တောင့်တင်းသူတို့အတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ အကြောအဆစ်ရောင်ကိုင်းနာကျင်သူတွေကို ယောဂကစားစေရာမှာ အဆစ်အမြစ်နာကျင်မှု သိသိသာသာ သက်သာလာတယ်လို့ တွေ့ရှိထားပါတယ်။
Featured Photo: macspharmacy
