အားကစားလုပ်မယ်ဆိုရင် ပုံမှန်ဖက်ရှင်နဲ့တော့ မရပါဘူး။ အားကစားဝတ်စုံနဲ့မှ Workout လုပ်ရတာ အဆင်ပြေတာပါ။ Workout လုပ်လို့လည်း အဆင်ပြေ စတိုင်လည်း ကျချင်တယ်ဆိုရင်တော့ အခုပြောမယ့်ပစ္စည်းလေးတွေ သုံးပေးဖို့ လိုပါလိမ့်မယ်။
(၁) Sports Shoes

Photo: gentlemanwithin
Gym ကစားတော့မယ်ဆိုရင် Running Shoes ကောင်းကောင်း လိုပါတယ်။ ပြေးစက်ပေါ် ပြေးရတာမျိုး လုပ်ချိန်မှာ ခြေထောက်ပေါ် ထပ်တလဲလဲ ရောက်လာတဲ့ ဖိအားကို ဖယ်ရှားနိုင်အောင် Running Shoes တွေကို ဒီဇိုင်းထုတ်ထားလို့ ဖြစ်ပါတယ်။ Shoes ကောင်းတစ်ရံဟာ စတိုင်ကျခြင်းနဲ့ အလုပ်လုပ်နိုင်စွမ်း Function အကြား ဟန်ချက်ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။
(၂) ချွေးစုပ်နိုင်မယ့် တီရှပ်

Photo: gentlemanwithin
တီရှပ်တိုင်းက အားကစားလုပ်ချိန် ဝတ်ဖို့ အဆင်မပြေပါဘူး။ ပုံမှန် ဝတ်နေကျ Cotton Shirts တွေဆို ချွေးပိုထွက်လို့ အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။ ချွေးစုပ်နိုင်တဲ့ ချည်သားနဲ့ အထူးထုတ်ထားတဲ့ အားကစားအင်္ကျီတွေကတော့ ကိုယ်ပေါ်က အစိုဓါတ်ကို ဆွဲစုပ်ထားတာကြောင့် ဘက်တီးရီးယားပေါက်ပွားမှုကို တားဆီးပြီး ကိုယ်နံ့မထွက်အောင် ကာကွယ်ပေးပါတယ်။
(၃) Compression Short

Photo: gentlemanwithin
Gym ကစားချိန်မှာ ဝိတ်တင်ကစားသူတွေဟာ အောက်ခံ Compression Short ပါ ဝတ်ကြရပါတယ်။ အပြေးသမားတွေ ၊ စက်ဘီးစီးသူတွေလည်း Training လုပ်နေစဉ်အတွင်း Compression Short ဝတ်ကြပါတယ်။ အားစိုက်ပြီး လေ့ကျင့်ခန်းလုပ်နေချိန်မှာ ဝိတ်တင်ပြီး ပိုလှုပ်ရှားနိုင်စေဖို့ပါ။
(၄) အားကစားလက်အိတ်

Photo: gentlemanwithin
Workout Gloves တွေမှာ Deadlift ကြီးတွေ မချိန်မှာ အတော်လေး အသုံးဝင်တဲ့ အသုံးအဆောင် ဖြစ်ပါတယ်။ Pullup နဲ့ Chinups လုပ်ချိန်မှာလည်း လက်အားပိုပြီး မြဲမြံသလို လက်ကောက်ဝတ်ပါ မထိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖက်ရှင်အမြင်အရ ကြည့်မယ်ဆိုရင်လည်း Workout Gloves နဲ့ အားကစားလုပ်တာက လက်ဗလာနဲ့ Weight Lifting လုပ်တာထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။
(၅) Headphones

Photo: gentlemanwithin
လူအတော်များများအတွက် သီချင်းနားထောင်ခြင်းဟာ Workout ကစားနေချိန်မှာ မရှိမဖြစ် လိုအပ်တဲ့အရာပါပဲ။ ၂၀၀၆ ခုနှစ်က လေ့လာချက်တစ်ခုမှာ သီချင်းနားထောင်ခြင်းဟာ ပြေးစက်ပေါ် ပြေးတာကို ပိုမြန်ဆန်စေသလို ပြေးတဲ့အချိန်ကိုလည်း ပိုကြာမြင့်စေပါတယ်။ အနည်းဆုံးတော့ သီချင်းနားထောင်ရင်း အားကစားလုပ်ရတာဟာ အပျင်းလည်း ပြေစေသလို စိတ်လည်း ပိုတက်ကြွစေတာပါပဲ။ ဒါကြောင့် Gym သွားမယ်ဆိုရင် Wireless နားကြပ်ကောင်းကောင်းလေးတစ်စုံတော့ သယ်သွားသင့်ပါတယ်။
