လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကောင်းမွန်တဲ့ အလေ့အထတစ်ခုဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံထားကြပါတယ်။ ဒါပေမယ့် ခေတ်သစ်လူနေမှုပုံစံများအရ လူတော် တော်များများဟာ တစ်နေ့တာမှာ အချိန်ကုန်စရာအကြောင်းအရင်းတွေများစွာရှိနေကြပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ကြတာပါပဲ။ သတင်းကောင်းတစ်ခုကတော့လေ့ကျင့်ခန်းစလုပ်ဖို့ ဘယ်တော့မှနောက်ကျတယ်မရှိဘူးဆိုတာပါပဲ။ သင့်အနေနဲ့ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် အခုပြောပြမယ့် အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) ကိုယ်အလေးချိန်ထိန်းညှိပေးတယ်
Photo : Medium
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကိုထိန်းညှိပေးပြီး အဝလွန်နိုင်ခြေကို လျော့ချပေးပါတယ်။ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက ပိုလျှံတဲ့ကယ်လိုရီတွေကို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လောင်ကျွမ်းချေဖျက်ပေးမှာ ဖြစ်ပါတယ်။ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်တဲ့ ကျန်းမာတဲ့လူမှုဘဝကို ပုံဖော်နိုင်ဖို့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက အထောက်အကူဖြစ်စေမှာပါ။
(၂) နှလုံးရောဂါဖြစ်နိုင်ခြေလျော့ချပေးတယ်
Photo : Michael Hyatt
လူတစ်ယောက်အတွက် နှလုံးကျန်းမာရေးကလည်း များစွာအရေးပါပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးကို အားကောင်းစေပြီး သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု တိုးလာခြင်းဟာ အောက်ဆီဂျင်ပမာဏကို ပိုရစေပြီး ကိုယ်လက်စထရောမြင့်တက်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ နဲ့ နှလုံးဖောက်ခြင်း စတဲ့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
(၃) ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တယ်
Photo : Men’s Health
ဆေးလိပ်ဖြတ်ဖို့ စဉ်းစားနေတဲ့ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းစလုပ်ဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျစေမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် ကိုယ်အလေးချိန်အဆမတန်တက်လာတဲ့ ပြဿနာကိုလည်း တာဆီးကာကွယ်ပေးနိုင်ပါတယ်။
(၄) စိတ်ကြည်လင်လန်းဆန်းစေတယ်
Photo : Edward-Elmhurst Health
လေ့ကျင့်ခန်းလုပ်တဲ့အခါ endorphins ဆိုတဲ့ ဟော်မုန်းတစ်မျိုး ပိုမိုထုတ်လုပ်ပေးပြီး ၎င်းဟော်မုန်းက စိတ်ဖိစီးမှုကိုလျော့ကျစေကာ စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းပါတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေဟာ ပိုမိုပျော်ရွင်စေတဲ့အပြင် စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း ကဲ့သို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေနည်းပါတယ်။
(၅) ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုတိုးစေတယ်
Photo : Allina Health
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းရည် ၊ လေ့လာသင်နိုင်စွမ်းတွေ တိုးတက်စေမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာအမျှ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ဟာ ကျဆင်းလာတက်တာဖြစ်လို့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သွားမယ်ဆိုရင်တော့ နောက်နှစ်ပေါင်းများစွာ စဉ်းစားတွေးခေါ်နိုင်စွမ်း ၊ မှတ်ဉာဏ်စွမ်းရည်နဲ့ လေ့လာသင်ယူနိုင်စွမ်းတွေ ထက်မြက်နေစေမှာ ဖြစ်ပါတယ်။
Featured Photo : MyFitnessPal Blog