အမျိုးသားတွေအနေနဲ့ ခွန်အားအပြည့်ဖြင့် Workout လုပ်နိုင်ဖို့ ဘာတွေသိထားရမယ်ထင်ပါသလဲ။ ခွန်းအားအပြည့်နဲ့ နေ့စဉ်မပျက်မကွက်အားကစားလုပ်နိုင်ဖို့ဆိုတာ တော်ရုံဇွဲရှိရုံနဲ့တော့ မဖြစ်ပါဘူး။ ဒီနေ့ပြောပြပေးမှာက Gym ကစားတဲ့အချိန်တိုင်း ခွန်အားအပြည့်နဲ့ စိတ်ဓာတ်တက်ကြွနေစေဖို့ သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။

Exercise young fitness man smartphone

Source : Freepik

အမြဲတမ်းလိုလို လုပ်ရိုးလုပ်စဉ်ပြုလုပ်နေကြ လေ့ကျင့်ခန်းနည်းတွေ ကစားနည်းတွေကိုပဲ ထပ်ခါတလဲလဲ ကစားနေရရင် ကြာလာတဲ့အချိန် ပျင်းရိလာပြီး Gym ဆက်မဆော့ချင်တော့တဲ့အထိ ဖြစ်တက်ပါတယ်။ ဒါကြောင့် သင့်လုပ်နေကျလေ့ကျင့်ခန်းတွေ ကစားနည်းတွေနဲ့ မတူတဲ့လေ့ကျင့်ခန်းတွေကို အပြောင်းအလဲပြုလုပ်ပြီး ကစားပါ။ ဖြစ်နိုင်ရင် ထရိန်နာနဲ့ သေချာတိုင်ပင်ပြီး ကစားနည်းတွေကိုပြောင်းလဲကစားသင့်ပါတယ်။

ဘာပဲလုပ်လုပ် ရည်မှန်းချက်ချမှတ်ပြီး လုပ်ဆောင်တာကောင်းပါတယ်။ Gym ကစားတဲ့အခါမှာလည်း ရည်မှန်းချက်တစ်ခုချမှတ်ထားသင့်ပါတယ်။ ကိုယ်ကဝိတ်တက်ချင်တာလား ဝိတ်ကျချင်တာလား။ ၆ လအတွင်း ဘယ်နှစ်ပေါင် ဝိတ်ကျအောင်လုပ်မယ် ၁ နှစ်အတွင်း ကြွက်သားထုထည်ဘယ်လောက်တည်ဆောက်မယ် စသဖြင့်ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုချမှတ်လိုက်ပါ။ ရည်မှန်းချက်အတိုင်းလုပ်ဆောင်ခြင်းက သင့်ကိုစိတ်ခွန်အားရစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။

Gym ကစားနေသူတစ်ယောက်အတွက်အရေးကြီးက ကျန်းမာရေးနှင့်ညီညွှတ်တဲ့ စားသောက်နေထိုင်မှုပုံစံရှိဖို့ပါပဲ။ ကိုယ်ကစားနေတဲ့ Workout Plan နဲ့အညီ ကျန်းမာမျှတအောင်စားသုံးမယ် စိတ်ဖိစီးမှုနည်းအောင်နေမယ် အိပ်ရေးဝဝအိပ်စက်မယ် ရေများများသောက်မယ် စသည်ဖြင့် ကျန်းမာအောင်နေထိုင်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း ခွန်းအားအပြည့်နဲ့ Gym ကောင်းကောင်းကစားနိုင်မှာပါ။

young muscular caucasian athlete practicing in gym with the weights.

Source : Freepik

နေ့တိုင်းလိုလို Gym သွားတာကတော့ ကောင်းတဲ့အကြံတစ်ခုမဟုတ်ပါဘူး။ နေ့တိုင်း Gym သွားခြင်း လိုအပ်သည်ထက် ပိုပြီးကစားမိခြင်းက ထင်ထားသလို ကြွက်သားပိုမိုကြီးထွားလာနိုင်မှာ မဟုတ်ပါဘူး။ Gym ကစားတဲ့အခါမှာ ကြွက်သားတွေကို ပြန်လည် Recover လုပ်ပေးဖို့လိုအပ်ပါတယ်။ Overtraining လုပ်မိရင် ကစားသလောက် ရလဒ်မထူးခြားတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါထိခိုက်စေတာကြောင့် Gym ဆက်ကစားဖို့ စိတ်ပျက်သွားစေနိုင်ပါတယ်။တစ်ပတ် ၄ ရက် တစ်ရက်ကို ၁ နာရီလောက် နည်းစနစ်မှန်ကန်စွာကစားပေးရင်လုံလောက်တယ်လို့ပြောလို့ရပါပြီ။