အားလုံးပဲ မင်္ဂလာပါ။ အားကစားလိုက်စားတဲ့ ယောကျာ်းများအတွက် ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်အရိုးအကြော ကွေးဆန့်ရလွယ်ကူပြီး အကြောပျော့သွားစေမယ့် လေ့ကျင့်ခန်းအချို့ကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

Exercises for Men Who Want to Improve Flexibility

Source: Hep2go

ခြေထောက်တစ်ဖက်တည်းဖြင့် မတ်တပ်ရပ်ပြီး ကျန်ခြေထောက်တစ်နောက်ကို အနောက်သို့ ပစ်ထားကာ ခြေဖနောင့်ကို တင်ပါးနဲ့ ထိကပ်နေအောင် ဖမ်းဆွဲထားလိုက်ပါ။ ၅ စက္ကန့်ခန့် ရပ်နေပါ။ ထို့နောက် ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Exercises for Men Who Want to Improve Flexibility

Source: Skimble

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ခန္ဒာကိုယ်ကို ပုံပါအတိုင်း တစ်ဖက်ခြမ်းသို့ စောင်းလိုက်ပါ။ ၅ စက္ကန့်ခန့် ပြုလုပ်ပါ။ ထို့နောက် ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Exercises for Men Who Want to Improve Flexibility

Source: Menshealth

ကြမ်းပြင်ပေါ်တွင် ထိုင်နေပါ။ ဘယ်ခြေဖဝါးက ညာပေါင်နှင့် ထိကပ်ထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က ညာခြေဖဝါးအလယ်တည့်တည့်ကို ဆွဲကိုက်လိုက်ပါ။ ၁၀ စက္ကန့်ခန့် ပြုလုပ်ပါ။ ထို့နောက် ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Exercises for Men Who Want to Improve Flexibility

Source: Medicalnewstoday

မတ်တပ်ရပ်နေပြီးနောက် ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ပုံပါအတိုင်း လက်တစ်ဖက်ကို ခန္ဓာကိုယ်တစ်ဖက်ခြမ်းသို့ ဆွဲယူကာ ဆွဲဆန့်ပေးလိုက်ပါ။ ၁၀ စက္ကန့်ခန့် ပြုလုပ်ပါ။ ထို့နောက် ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

Exercises for Men Who Want to Improve Flexibility

Source: Sworkit

ကြမ်းပြင်ပေါ်တွင် ထိုင်နေပါ။ ထို့နောက် ခြေဖဝါးနှစ်ဖက်ကို ပုံပါအတိုင်း ထိကပ်ပေးလိုက်ပါ။ ပေါင်နှင့် ခြေသလုံးတို့သည်လည်း ကြမ်းပြင်နဲ့ ထိကပ်ပေးဖို့လိုပါတယ်။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် ပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ အကြောလျော့ လေ့ကျင့်ခန်းများသည် သင့်ရဲ့ အရိုးအကြောများကို အညောင်းအညာသက်သာစေပြီး ခန္ဓာကိုယ်ကို ကွေးရဆန့်ရ လွယ်ကူစေပါတယ်။

Source: Healthifyme.com

Featured Image: Thetimes.co.uk