ပန်းနာရင်ကြပ်ရောဂါအခံရှိသောလူများသည် ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်ပါက အသက်ရှုသံမြန်ခြင်း၊ အသက်ရှုမမှန်ခြင်း၊ အသက်ရှုကြပ်ခြင်းအပြင် အခြားသော ရင်ကြပ်ပြဿနာများကိုပါ ကြုံတွေ့ရနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ် ခံနိုင်ရည်ရှိတဲ့ လေ့ကျင့်ခန်းမျိုးကိုသာ ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတောအတွင်း အသက်ရှုကိရိယာကို ကိုယ်နှင့်မကွာ ဆောင်ထားဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း အသက်ရှုရန်အခက်အခဲဖြစ်လာပါက လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ချက်ချင်းရပ်တန့်လိုက်ရပါမယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေက ပန်းနာရင်ကြပ်သမားများအတွက် ဘေးအကင်းဆုံးဖြစ်မလဲ။

ရေကူးခြင်း

Exercises for Men with Asthma

ရေကူးခြင်းသည် သင့်ရဲ့အသက်ရှုနှုန်းကို ကူညီပေးမှာဖြစ်ပြီး အဆုတ်ရဲ့လုပ်ငန်းဆောင်ရည် တိုးတက်ကောင်းမွန်လာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ယေဘုယျကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကြောင့် ရေကူးခြင်းကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။

ယောဂ ကစားခြင်း

Exercises for Men with Asthma

ယောဂအားကစားသည် ဆော့ကစားနေသူအတွက် အသက်ရှုခြင်းအပေါ်မှာပဲ အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။ ဒီလိုမျိုး စည်းချက်မှန်မှန်အသက်ရှုခြင်းသည် အဆုတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

ဂေါ့ဖ်ရိုက်ခြင်း

Exercises for Men with Asthma

အဆုတ်ကို ဖိအားမဖြစ်စေတဲ့ နောက်ထပ်အားကစားတစ်ခုကတော့ ဂေါ့ဖ်ရိုက်ခြင်းပဲဖြစ်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ဂေါ့ဖ်ရိုက်ထွက်ခြင်းသည် စိတ်လက်အပန်းပြေစေပြီး လေကောင်းလေသန့်ရရှိတဲ့အတွက်ကြောင့် အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

စက်ဘီးစီးခြင်း

Exercises for Men with Asthma

ဖြည်းဖြည်းမှန်မှန်စက်ဘီးနင်းခြင်းသည်လည်းပဲ ပန်းနာရင်ကြပ်သမားများအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

လမ်းလျှောက်ခြင်း

Exercises for Men with Asthma

သင့်အနေနဲ့ စက်ဘီးစီးဖို့ အဆင်မပြေဘူးဆိုရင်တော့ မနက်ခင်းစောစောအချိန်မှာ လမ်းလျှောက်ထွက်နိုင်ပါတယ်။ ပုံမှန်လမ်းလျှောက်နှုန်းထက် ခပ်မြန်မြန်သွက်သွက်ကလေး လမ်းလျှောက်ထွက်ရမှာဖြစ်ပါတယ်။

တောင်တက်ခြင်း

Exercises for Men with Asthma

ပြင်းထန်တဲ့ တောင်တက်လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်တဲ့ပုံစံမျိုးဖြင့် တောင်တက်အားကစားကို ပြုလုပ်ပေးနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ အမောခံနိုင်လာမှ တောင်တက်အသင်းနဲ့ ဆက်သွယ်ကာ ထရိန်နင်များ ရယူပြီး ကျွမ်းကျင်အဆင့်ရောက်အောင် ကြိုးစားနိုင်ပါတယ်။

တင်းနစ်ကစားခြင်း

Exercises for Men with Asthma

တင်းနစ်ကစားရတာက ပန်းနာရင်ကြပ်သမားတွေအတွက် ကောင်းပါ့မလားလို့ သံသယဝင်ကောင်း ဝင်နိုင်ပါတယ်။ တကယ်တော့ တင်းနစ်အားကစားသည်လည်း ဂေါ့ဖ်အားကစားနဲ့ အမျိုးအစားချင်း သွားဆင်ပါတယ်။ စိတ်ချလက်ချဆော့ကစားနိုင်ပြီး တင်းနစ်အပြင် ဘေ့စ်ဘော၊ ဘော်လီဘော၊ ကြက်တောင်ရိုက်ခြင်း အစရှိတဲ့ အားကစားများကိုလည်း ဆော့ကစားနိုင်ပါတယ်။

Source: Medicalnewstoday.com

Featured Image Source: Allergicliving.com