မိမိအိမ်မှာ Work From Home လုပ်နေရလို့ တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အဝလွန်ခြင်းနဲ့ အခြားသော ရောဂါဘယများ ဝင်ရောက်လာတတ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါဖြစ်ပွားနေချိန်မှာ မိမိကျန်းမာရေးကို ပိုမိုဂရုစိုက်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ ယောကျာ်းများအတွက် ဒီဆောင်းပါးလေးကနေတဆင့် နေ့စဉ်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ရပါတယ်။

ဘက်စကတ်ဘောကစားခြင်း

daily exercises for men

ကိုယ့်သူငယ်ချင်းရောင်းရင်းတွေနဲ့ ဘက်စကတ်ဘောအတူတူကစားခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေပြီး သူငယ်ချင်းအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဘက်စကပ်ဘောကစားခြင်းသည် နှလုံးအားကောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

Squats ထိုင်ခြင်း

daily exercises for men

အလုပ်လုပ်နေရင်းနဲ့မှ ညောင်းညာလာတဲ့အခါ အလုပ်စားပွဲကနေ ခဏထပြီး Squats ထိုင်ပေးလိုက်ပါ။ ၁၂ ကြိမ်၊ ၈ ကျော့ခန့် Squats ထိုင်ပေးခြင်းအားဖြင့် သင့်ရဲ့ပေါင်နှင့် ခြေသလုံးကြွက်သာများကို သန်မာစေပြီး ပေါင်ရှိအဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။

Lunges ဆော့ပါ

daily exercises for men

Squats ထိုင်ပြီးတဲ့အခါ တစ်မိနစ်လောက် နားပြီးတဲ့နောက်မှာတော့ ဒီလေ့ကျင့်ခန်းလေးကို တစ်ဆက်တည်း ဆက်လုပ်ပေးလိုက်ပါ။ သူ့ကိုလည်း ၁၂ ကြိမ်၊ ၈ ကျော့စီ ပြုလုပ်ရပါမယ်။

ယောဂ ဆော့ပါ

daily exercises for men

သင့်အနေနဲ့ လှုပ်လှုပ်ရှားရှား အားကစားတွေကို မနှစ်သက်ဘူးဆိုရင်တော့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ ဆော့ကစားနိုင်မယ့် ယောဂလေ့ကျင့်ခန်းများကို ရွေးချယ်နိုင်ပါတယ်။ ယောဂဆော့ခြင်းရဲ့ ကောင်းကျိုးများကတော့ စိတ်ကို တည်ငြိမ်စေပြီး အကြောပျော့စေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းမှလည်း သက်သာစေပါတယ်။

Planks ထောက်ပါ

 

daily exercises for men

တစ်မိနစ်ဆိုတဲ့ အချိန်က တိုတောင်းလွန်းတယ်လို့ သင် ထင်နေပါသလား။ ဒါဆိုရင်တော့ Planks ထောက်ကြည့်လိုက်ပါ။ တစ်မိနစ်ဆိုတဲ့ အချိန်က ဘယ်လောက်တောင် ကြာညောင်းကြောင်း လက်တွေ့သိရှိသွားပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်အဆီချချင်သူများ၊ လက်မောင်းကြွက်သား တောင့်တင်းချင်သူများအတွက် သင့်တော်ပါတယ်။

လမ်းလျှောက်ခြင်း (သို့) စက်ဘီးစီးခြင်း (သို့) ရေကူးခြင်း

daily exercises for men

ဒီလေ့ကျင့်ခန်း သုံးမျိုးကတော့ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်များကို သန်မာစေပြီး နှလုံးအားကောင်းအောင်လည်း ကူညီပေးပါတယ်။ သင့်အနေနဲ့ သုံးမျိုးစလုံးကို တစ်လှည့်စီပြုလုပ်ပေးနိုင်သလို ကိုယ် နှစ်သက်ရာတစ်ခုတည်းကိုပဲ ပုံမှန်ပြုလုပ်ပေးသွားနိုင်ပါတယ်။

Source: Health.usnews.com

Featured Image Source: Myfitnesspal.com