သင်အနေနဲ့ လူမှုနေထိုင်မှု ပုံစံမှားယွင်းမှုတွေ ၊ အစားအသောက် မဆင်ခြင်မှုနဲ့ လှုပ်ရှားမှုနည်းခြင်းတွေကြောင့် အဆီပိုတွေတက်လာပြီး ပုံပျက်ပန်းပျက်ဖြစ်နေပြီလို့ ခံစားနေရပြီလား။ သင့်အနေနဲ့ ခန္ဓာကိုယ်ကိုလုံးဝပြောင်းလဲမယ်လို့ စိတ်ကူးထားတယ်ဆိုရင် အဆီလောင်ကျွမ်းမှုအားကောင်းတဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) Plank ထောက်ပါ

Handsome african man is doing stretching exercises at open air gym near the park. He uses exercises for his abdomen adn doing plank

 

Photo : iStock

Plank ထောက်တာဟာ နောက်ကျောရိုး ကြွက်သားတွေနဲ့ ဝမ်းဗိုက်အဆီ ချဖို့ သိပ်ကောင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ လူဟာ တံထောင်ထောက်လျက်သား ကြာနိုင်သမျှ ကြာအောင် နေရမှာပါ။ ဒီနည်းဟာ ကျောရိုးမ ၊ ဝမ်းဗိုက်နဲ့ ခြေထောက် ပုခုံးကြွက်သားအားလုံးကို ကြံ့ခိုင်စေပါတယ်။

(၂) ရေကူးပါ

man swimming in pool

Photo : Unsplash

ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ အဆီတွေကို အမြန်ဆုံး ကျချင်တယ်ဆိုရင်တော့ ရေကူးခြင်းလေ့ကျင့်ခန်းက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ရေကူးခြင်းက ချွေးထွက်တဲ့ အားကစားနည်းတွေကိုမကြိုက်တဲ့သူတွေရွေးချယ်သင့်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး မြန်မြန်ဆန်ဆန်ဘဲ အဆီကျစေမှာဖြစ်ပါတယ်။ ရေကူးခြင်းက အဆီကျစေရုံသာမက ခန္ဓာကိုယ်ကြွက်သားတွေသန်မာလာအောင်လည်းကူညီပေးပြီး ရင်အုပ်နဲ့ ပခုံးကြွက်သားတွေကို ကျယ်ကားလာစေမှာဖြစ်ပါတယ်။

(၃) ဝိတ်မပါ

Man Weightlifting

Photo : Quintessential Man

Weight Training လုပ်တာဟာ Cardio ကစားသလိုပဲ Weight Loss ဖြစ်စေပါတယ်။ ဝိတ်မသူဟာ ကယ်လိုရီလောင်ကျွမ်းမှု အားကောင်းတာကြောင့် ကြွက်သားကျစ်လျစ်ပြီး အဆီကျစေနိုင်ပါတယ်။

(၄) စက်ဘီးနင်းပါ

Sports man riding bike in summer fores

Photo : Togoparts

စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ကြသူအများစုဟာ ခန္ဓာကိုယ်မှာအဆီပိုတွေကင်းစင်ပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်လေ့ရှိကြပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းကလည်း အချိန်တိုအတွင်းအဆီတွေပိုမိုလောင်ကျွမ်းဖို့ကူညီပေးပြီး ပေါင်နဲ့ တင်ပါးတစ်ဝိုက်ကအဆီကိုအထိရောက်ဆုံးကျစေပါတယ်။

Featured Photo : Men’s Health