ယနေ့ခေတ်တွင် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်သည် ဆီးချိုရောဂါ ခံစားရရင် ခံစားရ၊ ဒါမှမဟုတ် နှလုံးရောဂါ ခံစားရနိုင်ချေ မြင့်မားခြင်းကို ကြုံတွေ့နေကြရပါတယ်။ ဒီရောဂါတွေရဲ့ အဓိကတရားခံကတော့ ကွီးတို့ရဲ့အစားအသောက်အနေအထိုင်နဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့နေထိုင်စားသောက်မှုစနစ်ကို တည့်မတ်အောင် ပြုလုပ်လိုက်မယ်ဆိုရင်တော့ ဒီရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည် ဆိုတဲ့စကားအတိုင်း ဒီရောဂါတွေ မခံစားရခင်ကတည်းက အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်စရာလည်း မလိုအပ်ပါဘူး။ တစ်နေ့လျှင် ၁၂ မိနစ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေက နှလုံးရောဂါနှင့် ဆီးချိုရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်သလဲဆိုတော့ …

အပြေးအားကစား

Exercises that Lower the Risk of Heart Disease and Diabetes

အပြေးအားကစားသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကျန်းမာစေတဲ့ လေ့ကျင့်ခန်းတစ်ခုထဲတွင် ထိပ်ဆုံးက ပါဝင်နေပါတယ်။ အပြေးအားကစားရဲ့ အကောင်းဆုံးအားသာချက်ကတော့ တစ်နေ့တည်းနဲ့ မိုင်ပေါင်းများစွာ ပြေးလွှားရန်မလိုအပ်တာပါပဲ။ တစ်နေ့လျှင် ၁၂ မိနစ်ခန့် ပြေးလိုက်ရုံမျှဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

တကယ်လို့ သင့်ပတ်ဝန်းကျင်က ပြေးဖို့ မသင့်တော်ဘူး၊ လမ်းအနေအထားက ကားတွေနဲ့ ရှုပ်ယှက်ခတ်တယ်ဆိုရင်တော့ အန္တရာယ်ကင်းအောင် ပြေးစက်လေး ဝယ်ထားပြီး အိမ်မှာစမတ်ကျကျ ပြေးတာက အကောင်းဆုံးပါပဲ။

စက်ဘီးစီးခြင်း

Exercises that Lower the Risk of Heart Disease and Diabetes

နောက်ထပ် နှလုံးအားကောင်းစေပြီး ဆီးချိုရောဂါကာကွယ်ပေးမယ့် အားကစားတစ်ခုကတော့ စက်ဘီးစီးခြင်းပဲဖြစ်ပါတယ်။ သို့သော် လမ်းမတွေသည် အားလုံးသိတဲ့အတိုင်း နှစ်ဘီးစီး စက်ဘီးတွေနဲ့စက်ရင် လေးဘီးစီးကားတွေက ပိုများနေပါတယ်။

ဒါ့ကြောင့် အန္တရာယ်ကင်း၊ ဘေးရှင်းစွာနဲ့ လေ့ကျင့်ခန်း ပြုလုပ်နိုင်ဖို့အတွက် စက်ဘီးစီး စက်ကလေး ဝယ်ထားကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ ဒီစက်ဘီးမျိုးသည် စက်ဘီးမစီးတတ်တဲ့သူတွေအတွက်ပါ အသုံးတည့်ပါတယ်။

အက

Exercises that Lower the Risk of Heart Disease and Diabetes

Photo: Ono-7.top

ကခုန်ခြင်းသည်လည်း ဆီးချိုရောဂါနှင့် နှလုံးရောဂါ ဖြစ်ပွားခြင်းတို့ကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင်သည် ကခုန်ရတာ ဝါသနာပါတယ်ဆိုရင်တော့ တစ်နေ့လျှင် ၁၂ မိနစ်ခန့် ကခုန်ပေးလိုက်ရုံပါပဲ။ တကယ်လို့ ကခုန်ရတာ ဝါသနာမပါဘူးဆိုရင်တော့ Gym သွားပြီး အဖွဲ့လိုက် Zumba ကစားတာမျိုးကို ပြုလုပ်နိုင်ပါတယ်။

Zumba သည်လည်း တကယ်တော့ အကတစ်မျိုးပဲဖြစ်ပါတယ်။ Gym ခန်းမမှာ အဖွဲ့လိုက် ဆော့ကစားကြတဲ့အတွက်ကြောင့် အကသပ်သပ်လို့ စိတ်ထဲ မယူဆကြတော့တာဖြစ်ပါတယ်။

လမ်းအမြန်လျှောက်ခြင်း

Exercises that Lower the Risk of Heart Disease and Diabetes

တချို့ကွီးတို့သည် ကိုယ့်ရဲ့ခန္ဓာကိုယ်ခံနိုင်ရည်ကြောင့်သော်လည်းကောင်း၊ လမ်းမပေါ်မှာ တစ်ယောက်တည်း ပြေးနေရတာ ကြောင်တောင် တောင်နိုင်တယ်လို့ ထင်မှတ်ကြလို့သော်လည်းကောင်း အပြေးအားကစားကို မလုပ်ချင်ကြပါဘူး။

ထိုသူတွေအတွက်တော့ လမ်းမြန်မြန်လျှောက်ခြင်းက နောက်ထပ် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ မနက်စောစောထပြီး တကူးတကကြီး လမ်းအမြန်လျှောက်စရာမလိုပါဘူး။ ရုံးသွားတဲ့အချိန်၊ အိမ်ကနေ ဘတ်စ်ကားမှတ်တိုင်အထိ လမ်းလျှောက်သွားတဲ့အချိန်တွေမှာ လမ်းမြန်မြန်လျှောက်ပေးနိုင်ပါတယ်။

Workout ပြုလုပ်ခြင်း

Exercises that Lower the Risk of Heart Disease and Diabetes

အချို့သူတွေကတော့ အားကစားပစ္စည်းကိရိယာ စုံစုံလင်လင်နဲ့ ဆော့ကစားချင်ကြပါတယ်။ ထိုသူတွေအတွက်ကတော့ Gym ခန်းမသည် အကောင်းဆုံးပဲဖြစ်ပါတယ်။ Gym မှာ ပစ္စည်းကိရိယာစုံလင်တဲ့အတွက်ကြောင့် ကိုယ် နှစ်သက်တဲ့ပစ္စည်းတစ်မျိုးမျိုးရဲ့ အကူအညီရယူကာဆော့ကစားပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ Gym မှာ ပေးချေရတဲ့ အသင်းဝင်ကြေး အလဟဿမဖြစ်ဖို့ရန်အတွက် ၁၂ မိနစ်ထက်ပိုပြီး ဆော့ကစားသင့်တာတော့ အမှန်ပါပဲ။

Source: Starmarkfitnessstudio.com

Featured Image: Wondrlust