ဘယ်လောက်စားစား ဝိတ်တက်မလာဘဲ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်နေလို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။

ထိုနည်းလမ်းကောင်းများကတော့ သဘာဝအဆီဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း၊ ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ၊ ကာဗိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝသော အစားအစာများ များများ စားသုံးခြင်း၊ စိတ်ဖိစီးမှု လျော့ချခြင်း၊ အိပ်ရေး ဝဝ အိပ်စက်ခြင်းနှင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း ဝိတ်တက်ဖို့အတွက် ရည်ရွယ်ထားတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

effective exercises for skinny men

Source: Kl-99.top

ဒိုက်ထိုးမယ့်အနေအထားဖြင့် အသင့်ပြင်ထားပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားရပါမယ်။ ထို့နောက် တံတောင်ကို ကွေးချကာ ဒိုက်ထိုးလိုက်ပါ။ ထို့နောက် တံတောင်ကို ဆန့်တန်းလိုက်ပါ။ ညာလက်ကို ပုံပါအတိုင်း အပေါ်သို့ မြှောက်လိုက်ပါ။

၁၅ ကြိမ်ခန့် ပြည့်တဲ့အခါ ဘယ်လက်ကိုလည်း ထိုနည်းအတိုင်း ဆက်လုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့စီ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

effective exercises for skinny men

Source: Workouts4fitness.wordpress.com

ဒီလေ့ကျင့်ခန်းကတော့ ပုံပါအတိုင်း အလေးတန်းအသုံးပြုကာ လေ့ကျင့်ခန်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အလေးပြားကိုတော့ စစလုပ်တဲ့အခါ အပေါ့ဆုံးအလေးတုံးကနေ စထည့်ပါ။ တဖြည်းဖြည်းကျွမ်းကျင်လာပါက အလေးပြားများ ထပ်ပေါင်းထည့်နိုင်ပါတယ်။ ၁၂ ကြိမ် (သို့) ၁၅ ကြိမ်၊ မိမိခံနိုင်ရည်ရှိသလောက် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

effective exercises for skinny men

Source: Menshealth.com

အရင်ဦးဆုံး ဘားတန်းမှာ တွဲလဲခိုနေပါ။ ထို့နောက် လက်မောင်းအား အသုံးပြုကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပင့်တင်လိုက်ပါ။ လည်ပင်းက ဘားတန်းကျော်သွားတဲ့အခါ ပင့်တင်ပြီးတဲ့အခါမှာတော့ ခန္ဓာကိုယ်ကို အောက်သို့ပြန်ချလိုက်ပါ။ အကြိမ်ရေကိုတော့ မိမိ သက်သောင့် သက်သာရှိတဲ့အထိ ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ သင့်ခန္ဓာကိုယ်က အကြိမ်ရေများများ ပြုလုပ်ဖို့ခံနိုင်ရည်မရှိတော့တဲ့အခါ အတင်း တွန်းအားမပေးပါနဲ့။ လေ့ကျင့်ခန်းပြုလုပ်တဲ့အနေအထား မှားယွင်းသွားနိုင်တာကြောင့် အချည်းနှီးပဲဖြစ်သွားပါလိမ့်မယ်။

လေ့ကျင့်ခန်း (၄)

effective exercises for skinny men

Source: Healthier.qld.gov.au

ဒီလေ့ကျင့်ခန်းကလည်း ရိုးရှင်းပါတယ်။ ထိုင်ခုံတစ်လုံးရဲ့အကူအညီ ရယူလိုက်ရုံပါပဲ။ ထို့နောက် ပုံပါအတိုင်း တံတောင်ကို အကွေးအဆန့်ပြုလုပ်ကာ လေ့ကျင့်ခန်းပြုလုပ်ပေးလိုက်ပါ။ အကြိမ်ရေ ၅ ကြိမ် မှ ၁၀ ကြိမ်ခန့် မိမိသက်သောင့်သက်သာရှိသလောက် ပြုလုပ်ပေးရုံပါပဲ။

လေ့ကျင့်ခန်း (၅)

effective exercises for skinny men

Source: 24Life.com

ပိန်တဲ့သူတွေသည် များသောအားဖြင့် ပေါင်ကြွက်သားများလည်း ပိန်ပါးနေတတ်ကြပါတယ်။ ဒါ့ကြောင့် ပေါင်ကြွက်သားများ တောင့်တောင့်တင်းတင်းဖြစ်လာအောင် လေ့ကျင့်ခန်းပြုလုပ်ပေးရပါမယ်။ ဒီ့အတွက်တော့ Squats လေ့ကျင့်ခန်းများ၊ Lunges လေ့ကျင့်ခန်းများက အသင့်တော်ဆုံးပါပဲ။ Squats လေ့ကျင့်ခန်းကိုတော့ ၅ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

lunges for skinny men

Lunges လေ့ကျင့်ခန်းကိုတော့ တစ်ဖက်လျှင် အကြိမ် ၂၀ ခန့် ပြုလုပ်ပေးရပါမယ်။ ကိရိယာအလွတ်ပြုလုပ်နိုင်သလို ပိုပြီးထိရောက်မှုရှိချင်ရင်တော့ အလေးတုံးကိုင်ကာ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

Source: Stylecraze.com

Featured Image Source: Fitplan Blog