အင်တာနက် ယဉ်ကျေးမှုနဲ့အတူ ဆိုက်ဘာတိုက်ခိုက်မှုတွေ ၊ အချက်အလက် ခိုးယူမှုတွေက တစ်နေ့ထက် တစ်နေ့ မယုံနိုင်အောင် များလာနေပါတယ်။ ပုံမှန်အားဖြင့် အွန်လိုင်းပေါ်က တန်ဖိုးရှိတဲ့ အချက်အလက်တွေ ခိုးယူဖို့ ဟက်ကာတွေဟာ Fake Websites လို့ ခေါ်တဲ့ အတုအယောင် ဝက်ဘ်ဆိုက် တွေကနေ Cyber Attack လုပ်လေ့ကြပါတယ်။ ဒါကြောင့် တရားဝင်မဟုတ်တဲ့ ဝက်ဘ်ဆိုက် တွေထဲ မဝင်မိအောင် အလွယ်တကူနဲ့ သိနိုင်မယ့်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
(၁) စုတ်ချာလှတဲ့ ဒီဇိုင်း နဲ့ Themes

Photo : nuntioz
ဝက်ဘ်ဆိုက် Layout ကို ကြည့်လိုက်ရင်လည်း Fake Websites ဟုတ်မဟုတ် သိနိုင်ပါတယ်။ အွန်လိုင်းပေါ်က လူလိမ်တွေဟာ ပရီမီယံ ဝက်ဘ်ဆိုက်ကောင်းကောင်း ထောင်ပြီး လိမ်ဖို့ စိတ်ကူးမရှိကြပါဘူး။ ဒါကြောင့်ပဲ ဝက်ဘ်ဆိုက်ကို မည်ကာမတ္တ ဝက်ဘ်ဆိုက် ပဲ သုံးလေ့ရှိပါတယ်။ ဝက်ဘ်ဆိုက်ထဲမှာ ကုမ္ပဏီ Brand Colors ကို စစ်ဆေးကြည့်ရင်လည်း သိနိုင်ပါတယ်။
(၂) သဒ္ဒါအမှားတွေ

Photo : actionfraud
ပရော်ဖက်ရှင်နယ် တရားဝင် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ဝက်ဘ်ဆိုက်ပေါ်က Content တွေကို ဂရုတစိုက် Proofread ဖတ်ပြီး အမှားကင်းအောင် စိစစ်ပါတယ်။ အတုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ သဒ္ဒါမမှန် စာမမှန်ဘဲ ဖြစ်သလို ရေးတင်လေ့ရှိပါတယ်။
(၃) သွေးဆောင်ဖျားယောင်းတဲ့ ဘာသာစကား
Photo : opengovasia
ဝက်ဘ်ဆိုက်အတုတွေထဲမှာ နောက်ထပ် တွေ့ရတတ်တဲ့ အချက်က လူ့ခံစားချက်ကို လှုံ့ဆော်ဖျားယောင်းတဲ့ အရေးအသားတွေပဲ ဖြစ်ပါတယ်။ လူတွေကို ကြောက်အောင် သွေးထိုးတာ ၊ အရေးတကြီးဖြစ်အောင် လှုံ့ဆော်တာ ၊ လိုချင်တပ်မက်စိတ်ကို ဆွပေးတာ စတဲ့ Emotional Language နဲ့ ရေးထားတာမျိုးတွေ့ရင်လည်း သတိပြုသင့်ပါတယ်။ Web Content ခေါင်းစဉ်တွေကို ကြည့်လိုက်ရင်လည်း အံ့ဖွယ်သရဲ နဲ့ ဖတ်တဲ့သူ မျက်စိပြူးလောက်တဲ့ စာသားတွေ သုံးတတ်ပါတယ်။
(၄) စိတ်ချတဲ့ ထောက်ခံချက် မရှိတာ

Photo : sectigostore
ဝက်ဘ်ဆိုက်တစ်ခု စိတ်ချရသလားဆိုတာကို အလွယ်သိနိုင်တဲ့ နောက်တစ်ချက်က ဝက်ဘ်ဆိုက်ဒိုမိန်းရဲ့ ရှေ့မှာ HTTPS:// ဆိုပြီး Secure Transfer Protocol ပါမပါ စစ်ဆေးဖို့ပါ။ HTTPS ဆိုတာ SSL Certificate ဒါမှမဟုတ် Secured Socket Layer (SSL) လို့ခေါ်တဲ့ ဆာဗာနဲ့ ကွန်ပျူတာအကြား End-To-End Encryption လုံခြုံရေး ဖန်တီးတာ ဖြစ်ပါတယ်။ HTTP လောက်ပဲ ပါတဲ့ ဝက်ဘ်ဆိုက်တွေက အမြဲတမ်း စိတ်မချရနိုင်ပေမယ့် HTTPS မဟုတ်တာနဲ့ Scam Websites လို့ မဆိုနိုင်ပါဘူး။
Featured Photo : opengovasia

