သင်သည် အရသာရှိတဲ့ ဟင်းလျာများကို ဖန်တီးချက်ပြုတ်ပြီး လှလှပပအလှဆင်ရတာကို ဝါသနာပါ ပါသလား။ ဝါသနာပါတယ်ဆိုရင်တော့ ဟင်းချက်ပြိုင်ပွဲများ၊ ရှိုးပွဲများကို တီဗွီမှာ မနားတမ်းကြည့်ဖူးပါလိမ့်မယ်။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ကမ္ဘာ့အတော်ဆုံး အမျိုးသားစားဖိုမှူးတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။
ကမ္ဘာ့အတော်ဆုံး အမျိုးသားစားဖိုမှူးများကတော့ …
(၁) Gordon Ramsay

သူကတော့ အင်္ဂလိပ်လူမျိူး စားဖိုမှူးပဲဖြစ်ပါတယ်။ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး အင်္ဂလန်နိုင်ငံတွင် သြဇာအလွှမ်းမိုးနိုင်ငံ စားဖိုမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဟင်းချက်ပြိုင်ပွဲများအတွက် ပရိုဂျူဆာတစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကြီးစားသောက်ဆိုင်ကတော့ ချယ်လ်ဆီး၊ လန်ဒန်မြို့ရှိ Gordon Ramsay ဆိုတဲ့ စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
(၂) Anthony Bourdain

သူကတော့ အမေရိကန်စားဖိုမှူးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်တွင် အမေရိကန် ဟင်းချက်ခြင်းနှင့် အိမ်မှုလုပ်ငန်းဆိုင်ရာ ကောလိပ်မှ ဘွဲ့ရခဲ့တာဖြစ်ပြီး ထိုအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံးနဲ့ အရောင်းရဆုံး ဟင်းချက်စာအုပ်ကတော့ ၂၀၀၀ ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ Adventures In The Culinary Underbelly ပဲဖြစ်ပါတယ်။
(၃) Jamie Oliver

Jamie ကတော့ အင်္ဂလိပ်လူမျိုး စားဖိုမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ပထမဦးဆုံး တီဗွီရှိုးကို ၁၉၉၁ ခုနှစ်တွင် BBC ရုပ်သံလိုင်းကနေ စတင်ပါဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဟင်းချက်နည်းစာအုပ်သည်လည်း အင်္ဂလန်တွင် နံပါတ် (၁) အရောင်းရဆုံးပဲဖြစ်ပါတယ်။
(၄) Bobby Flay

Bobby Flay ကတော့ အသက် ၅၇ နှစ်ရှိပြီပဲဖြစ်ပါတယ်။ သူကတော့ အမေရိကန် စားဖိုမှူးတစ်ယောက်လည်းဖြစ်သလို ဆယ်လီတစ်ယောက်လည်းဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်တွေကတော့ မရေမတွက်နိုင်အောင် အများအပြားရှိလှပါတယ်။ အစားအသောက်တီဗွီရှိုးပွဲတွင်လည်း ဒိုင်အဖြစ် ပါဝင်တင်ဆက်လျက်ရှိပါသေးတယ်။
(၅) Martin Yan

Photo Source: Nytimes.com
သူကတော့ တရုတ် အမေရိကန်ကပြားပဲ ဖြစ်ပါတယ်။ အသက်ကတော့ ၇၂ နှစ်ရှိပြီဖြစ်ပြီး ကျွန်တော်တို့ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ Yan Cook ဆိုတဲ့ ဟင်းချက်ရှိုးပွဲမှာ စားဖိုမှူးအဖြစ် ပါဝင်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်ကတည်း စတင်နာမည်ကြီးခဲ့ပြီး အခုအချိန်ထိလည်း အစားအသောက်ဟင်းလျာများ ပြုလုပ်နည်းများကိုလည်း ရေးသားဖြန့်ချီလျက်ရှိပါတယ်။
ဒီအတော်ဆုံး စားဖိုမှူးတွေထဲက ဘယ်နှစ်ယောက်လောက်ကို သင် ရင်းနှီးကျွမ်းဝင်ပြီးသားပါလဲ။ (၅) ယောက်စလုံးကို သိပြီးသားဆိုရင်တော့ သင်သည် ဟင်းချက်ခြင်းကို တော်တော်ဝါသနာထုံလို့ပဲ ဖြစ်ပါလိမ့်မယ်။
Source: Ranker.com
