ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်တက်ကြွ နေ့စဉ်ဘဝကိုရရှိဖို့ Workout ပုံမှန်ကစားခြင်းထက်ပို ကောင်းတာ မရှိနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာ ၊ Gym ကစားတာဟာ ကွီးတို့ဘော်ဒီလှဖို့ သက်သက်မဟုတ်ပဲ စိတ်ခွန်အား ကိုယ်စွမ်းအားတွေ ဖြည့်တင်းပြီး ကျန်းမာတဲ့လူမှုဘဝတစ်ခုကို ပုံဖော်နေခြင်းပဲ မဟုတ်လားဗျ။ ဒါ ကြောင့်ပဲ Healthy Lifestyle တစ်ခုရဖို့ဆို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ လိုတာပေါ့။

POWER HOUSE FITNESS CLUB

Gym ကစားရာမှာတော့ အများစုကကျန်းမာဖို့ ၊ ဝိတ်ကျဖို့ ၊ ကြွက်သားအမြှာင်းမြှောင်းနဲ့ကျစ်လစ်တောင့်တင်းတဲ့ ဘော်ဒီတည်ဆောက်ဖို့ စသဖြင့် ရည်မှန်းချက်တွေရှိကြပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး လိုချင်တဲ့ Body Goal ရဖို့ အားကစားပြုလုပ်ကြမယ့် ကွီးတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Fitness Club တစ်ခုအကြောင်း ဖောက်သည်ချ ပေးချင်ပါတယ်။ သူကတော့ Power House Fitness Club ပါ။

Power House ရဲ့ အထူးခြားဆုံးကတော့ နာမည် နဲ့လိုက် လောက်အောင်ပဲ Empower ဖြစ်ပြီး အားကစားခန်းမထဲဝင်လိုက်တာနဲ့ ခွန်အားအပြည့်ရသလို ခံစားရစေ တာပါ။

အားကစားခန်းမရဲ့ ဖွဲ့စည်းနေရာချထားပုံကလည်း လက်ဖျားခါလောက်အောင်ကို စနစ်တကျရှိတယ်ဗျ။ နောက် ပြီး Gym Equipments တွေလည်း စုံစုံလင်လင်တပ်ဆင်ပေးထားပြီး အမျိုးမျိုးသော အားကစားလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ လုံလောက်တဲ့ နေရာအကျယ်အဝန်းလည်းရှိတယ်။

POWER HOUSE FITNESS CLUB

POWER HOUSE FITNESS CLUB

Locker ၊ ချွေးထုတ်ခန်း ၊ ရေချိုးခန်း ၊ Juice & Coffee Bar ၊ Supplement Shopနဲ့ Sport Wear ဆိုင်တွေလည်းတစ်နေရာထဲမှာအစုံရှိတာဆိုတော့ သန့်ရှင်းသပ် ရပ်ပြီးကျယ်ဝန်းတဲ့ Power House အားကစားခန်းမက လေ့ကျင့်ခန်းလာလုပ်သူတွေအတွက် အပြုသဘော ဆောင်ပြီး တက်ကြွရွှင်လန်းစေတဲ့ ပတ်ဝန်းကျင်လေးတစ်ခုဖြစ်နေတာ အသေအချာပါပဲ။

POWER HOUSE FITNESS CLUB

Power House ရဲ့ နောက်ထပ်အားသာချက်တစ်ခုက Professional Personal Trainer တွေပါပဲ။ ကိုယ်လို ချင်တဲ့ Body Goal ရဖို့ နည်းစနစ်မှန်မှန်နှင့် မြန်မြန်ရောက်အောင်ကူညီပေးနိုင်တာက Trainer တွေ အရည်အ ချင်းနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ အားကစားလုပ်သူ တစ်ယောက်ချင်းစီရဲ့ ဘော်ဒီ ဖွဲ့စည်းပုံပေါ်မူ တည်ပြီး အချိန်တိုအတွင်း ကိုယ်ခန္ဓာအချိုးအစားကို သိသိသာသာပြောင်းလဲပေးနိုင်မယ့် လေ့ကျင့်ခန်းတွေ စားသောက်နေထိုင်မှုပုံစံတွေကို နည်းစနစ်တကျ ညှိနှိုင်းလမ်းညွှန်ပေးပြီး ထိခိုက်မှုမရှိအောင်လည်း သေချာလေး ဂရုတစိုက် Train ပေးတယ်ဗျ။

Power House ရဲ့ အရည်အချင်းပြည့်ဝတဲ့ Personal Trainer တွေရဲ့လမ်းညွှန်မှုနဲ့အတူ ကျန်းမာကြံ့ခိုင်တဲ့ လူမှု ဘဝကိုရရှိပြီး ဘော်ဒီပြောင်းလဲမှုကြီးကြီးမားမား လုပ်နိုင်ခဲ့သူတွေလည်း အများကြီးရှိပါတယ်။

POWER HOUSE FITNESS CLUB_PROMOTION

တစ်လက်စတည်း ဈေးတန်တန်နဲ့ အားကစားလုပ်ချင်တဲ့ကွီးတို့အတွက် Power House မှာ လက်တလော Promotion အစီအစဉ် လေးတွေရှိတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ Promotion Packages လေးတွေကတော့ (၁၂) လ Membership အတွက် PT 7 session ပါပြီးသားကိုမှ ဒေါ်လာ ၈၀၀ သာကျသင့်မှာဖြစ်ပြီး ၊ (၆) လ Membership အတွက်တော့ PT 3 session ပါပြီးသားကို ဒေါ်လာ ၄၅၀ သာကျသင့်မှာပါ။ (၄) လ နဲ့ (၁) လ Membership အတွက်ကိုတော့ ဒေါ်လာ ၃၅၀ နဲ့ ဒေါ်လာ ၁၀၀ သာ ကျသင့်မှာဆိုတော့ တော်တော်လေးတန် တယ်ပြောရမယ်။

POWER HOUSE FITNESS CLUB_GIFT PACK

ပိုမိုက်တာတစ်ခုက (၆) လ Membership ဝင်သူတိုင်းကို Powerhouse Backpack, Mask နဲ့ ထီး ၊ (၁) နှစ် Membership ဝင်သူတိုင်းကို Gym Bag, T-shirt နဲ့ ရေဗူးတွေ လက်ဆောင်ပေးနေတာပါ။ ကဲကွီးတို့ရေ အခုလိုအရည်အချင်းပြည့်ဝတဲ့ Trainer တွေ၊ ရင်းနှီးဖော်ရွေတဲ့ Staff တွေ ၊ သပ်ရပ်ကျယ်ဝန်းတဲ့ အားကစားခန်းမ ၊ စုံလင်လှတဲ့ Gym Equipment တွေနဲ့ အဘက်ဘက်က ပြီးပြည့်စုံတဲ့ Power House ရှိနေမှတော့ ကျန်းမာကြံ့ ခိုင်တဲ့ လူမှုဘဝကိုပုံဖော်ဖို့ ဘာကြောင့် အချိန်တွေဆွဲနေဦးမလဲဗျာ။