အများစုက Gym စဆော့တဲ့ တစ်ပတ်လောက်မှာ အရမ်းကိုတက်ကြွပေမယ့် တစ်ပတ်ကျော်လာရင် ပျင်းလာပြီး ပျက်ရက်တွေ များလာတတ်ကြပါတယ်။ Gymသွားဖို့ လုံးဝစိတ်မပါဘဲ အကြောင်းမျိုးမျိူးပြပြီး လစ်ချင်နေသူတွေအတွက် Gym သွားဖို့ Motivation ရစေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) အဖော်ရှိပါစေ

Trainer and man lying and lifting dumbbells in gym

Source : Freepik

Gym ဆော့ဖို့ ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ Join ပါ။ ကိုယ်က Gym သွားဖို့ပျင်းနေတောင် ကိုယ့်ကိုတွန်းအားပေးတတ်တဲ့ သူငယ်ချင်းမျိုးဖြစ်ပါစေ။ အဖော်ရှိတော့ Gym သွားရတာလည်း ပိုပျော်စရာကောင်းပြီး တစ်ယောက်တည်း ပျင်းပျင်းခြောက်ခြောက်မဖြစ်နေတော့ပါဘူး။

(၂) အစီစဉ်ဆွဲပါ

Trainer draws up a training program and a healthy diet plan

Source : Freepik

Weight Loss ကစားသူပဲဖြစ်စေ Weight Gain ကစားသူပဲဖြစ်စေ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မူတည်ပြီး ၃ လ ၊ ၆ လ ၊ ၁ နှစ် စသည့်ဖြင့် အချိန်တစ်ခုသတ်မှတ်ထားရပါမယ်။ Instructor နဲ့သေချာတိုင်ပင်ပြီး ကိုယ်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုအတွက် အစီအစဉ် သေချာဆွဲပါ။ အမြဲတမ်း ကိုယ့်ရည်မှန်းထားတဲ့အတိုင်း ရလဒ်တစ်ခု ပိုင်ဆိုင်နိုင်တဲ့အထိ Give Up မလုပ်ဘဲ တစ်စိုက်မတ်မတ် ကြိုးစားသွားပါ။

(၃) အိမ်နဲ့နီးတဲ့ Gym ကို ရွေးပါ

Happy fit man leaving gym

Source : Freepik

သွားရေးလာရေးခက်ခဲပြီး ကိုယ်နေတဲ့နေရာနဲ့ဝေးလံတဲ့ Gym တွေမှာ ဆော့တာဟာ ပျက်ဖို့အလားအလာပိုများပါတယ်။ မိုးရွာလို့ ကားပိတ်လို့ ဘာဖြစ်လို့ညာဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ Gym သွားဖို့ ပျင်းနေတတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် သွားလာရလွယ်ကူပြီး ကိုယ့်ရဲ့ အိမ်နဲ့ နီးတဲ့ Gym ကိုရွေးချယ်ပါ။

(၄) Member ကြေးကြိုသွင်းပါ

Fitness membership

Source : Freepik

Gym Member ကြေးကို တစ်လချင်းပေးတာထက်စာရင် ၃ လ သို့မဟုတ် ၆ လစာလောက် ကြိုသွင်းထားပါ။ Gym ဖိုးများများကြိုပေးထားခြင်းအားဖြင့် ကိုယ့်ရဲ့ ပိုက်ဆံလေးတွေကို နှမြောပြီး ပျက်ရက် မရှိအောင်သွားဖြစ်ပါလိမ့်မယ်။ တစ်ချို့  Gym တွေဆိုရင် ၃ လ ၊  ၆ လ ကြိုသွင်းတဲ့ ကာစတန်မာတွေအတွက် ပရိုမိုရှင်းအစီစဉ်လေးတွေရှိတာကြောင့် ပုံမှန်ထက်လည်း ပိုဈေးသက်သာစေမှာဖြစ်ပါတယ်။