ယောင်္ကျားလေးအားကစားတွေထဲမှာ မိန်းကလေးတွေ သဘောအကျဆုံးက ဘယ်လို အားကစားမျိုးဖြစ်မလဲ။ ဥရောပ Dating Site တစ်ခုဖြစ်တဲ့ Victoria Milan ဝက်ဘ်ဆိုက်ရဲ့ အမျိုးသမီးတွေကို စစ်တမ်းထုတ်ထားတဲ့ စစ်တမ်းရလဒ်တွေမှာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်စွမ်းအရှိဆုံး အားကစားတွေအကြောင်း ပါလာပါတယ်။ စစ်တမ်းရလဒ်အရ ဘယ်အားကစားတွေက အမျိုးသမီးတွေ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးလဲဆိုတာ အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ‌ရေလွှာလျှောစီးခြင်း

surfing

Photo: Unsplash

ရေလွှာလှိုင်းလျှောစီးတဲ့ အားကစားဟာ Victoria Mila ဝက်ဘ်ဆိုက် စစ်တမ်းမှာ မဲပေးမှု ၂၃.၄% ရထားပါတယ်။ လှိုင်းလျှောစီးကစားနည်းကစားတဲ့ အားကစားသမားတွေဟာ အမြဲလှုပ်ရှားနေလို့ ကိုယ်လုံးကိုယ်ပေါက်မှာ ကြွက်သားချည်းသက်သက် အဆီမပါလို့ ကြည့်ကောင်းတဲ့အပြင် အားကစားလုပ်ချိန်မှာ အပေါ်ပိုင်းဗလာနဲ့ ကိုယ်လုံးအလှကို ပြသလို့ ရပါတယ်။

(၂) ဘောလုံး

Football

Photo: DW

Victoria Mil ဝက်ဘ်ဆိုက်စစ်တမ်းမှာ မိန်းကလေးတွေက ဘောလုံးအားကစားကို ရင်ခုန်စရာအကောင်းဆုံးအားကစားတွေထဲမှာ ၁၆.၂% ရထားပါတယ်။ ဘောလုံးသမားတွေထဲမှာလည်း ရုပ်ချောချောတွေက အများသားမဟုတ်လား။

(၃) ရေကူး

Football

Photo; beco

ရေကူးအားကစားကို Sexy အကျဆုံး အားကစားစာရင်းမှာ နံပါတ် ၃ က ဖော်ပြကြပါတယ်။ ဝက်ဘ်ဆိုက်စစ်တမ်းမှာ ၁၂.၅% က မဲပေးထားလို့ ဖြစ်ပါတယ်။ ရေကူးတာဟာ ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်လှပစေတဲ့အပြင် ယောင်္ကျားပီသချောမောမှုကိုပါ ပိုမြင်သာစေပါတယ်။

(၄) ဘေ့စ်ဘော

Baseball

Photo: Trend Hunter

ကမ္ဘာ့လူကြိုက်အများဆုံး အားကစားတွေထဲမှာ ပါဝင်တဲ့ ဘေ့စ်ဘောကစားနည်းက မိန်းကလေးတွေ ရင်ခုန်ရတဲ့ အားကစားတွေထဲမှာ စတုတ္ထလိုက်ပါတယ်။ မဲပေးမှုက စုစုပေါင်းရဲ့ ၈.၉% ရှိပါတယ်။

(၅) တင်းနစ်

Tennis

Photo; The New Yorker

တင်းနစ်ကစားသမားတွေဟာ ကြံ့ခိုင်မှုနဲ့ သွက်လက်မှု ပြည့်စုံသူတွေ ဖြစ်ပြီး အမြဲလှုပ်ရှားနေရလို့ ကိုယ်လုံးကိုယ်ပေါက်လည်း ကျစ်လျစ်ပါတယ်။ နောက်တစ်ချက်က တင်းနစ်ကစားသမားတွေဟာ ဆုကြေးဒေါ်လာသန်းနဲ့ချီရပါတယ်။ ဒါကလည်း မိန်းကလေးတွေ ရင်ခုန်ရတဲ့အကြောင်းပါပဲ။ တင်းနစ်ဘော ရိုက်ချိန် မျက်နှာအမူအယာကတော့ ရုပ်ဆုိးတာကြောင့် ၈.၄% နဲ့ ပဉ္စမနေရာမှာ ထားပြောကြတာ ဖြစ်ပါတယ်။

Featured Photo: Unsplash