Flagship ဖုန်း များ အသုံးပြုရတဲ့ ခံစားချက်က အခြားသော ဈေးသက်သာတဲ့ဖုန်းတွေ ကိုင်ရတဲ့ ခံစားချက်နဲ့ မတူပါဘူး။ Flagship ဖုန်း များသည် Luxury ဆန်တဲ့ဘက်ကို သွားပြီး သူ့ရဲ့နည်းပညာကလည်း ပိုမြင့်တာကြောင့် သုံးရသူအတွက် စိတ်ကျေနပ်မှုအတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ပါတယ်။

Flagship ဖုန်း များသည်လည်း တစ်နှစ်နှင့် တစ်နှစ်၊ တစ်လနှင့် တစ်လ သူ့ထက်ငါ အပြိုင်အဆိုင် အသစ်ထွက်နေကြတာဖြစ်ပါတယ်။ ယခုလာမယ့် လတွေထဲမှာတော့ ဘယ်လို အမိုက်စား ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Flagship ဖုန်းတွေ ထွက်ရှိလာဦးမလဲ။

Motorola Frontier

flagship ဖုန်း

သူ့ရဲ့မိန်းကင်မရာကတော့ 194-Megapixel ထုတ်လုပ်နိုင်ပြီး Display ကတော့ ၆.၇ လက်မရှိပါတယ်။ သူ့ကိုတော့ ဇူလိုင်လအတွင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Nothing Phone (1)

flagship ဖုန်း

Carl Pei ရဲ့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Nothing သည် Nothing Phone (1) လို့ခေါ်တဲ့ စမတ်ဖုန်းအသစ်ကို Launch လုပ်ဖို့ရှိပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှာ Launch လုပ်မယ်လို့ သတင်းရထားပါတယ်။ သူ့ဒီဇိုင်းကတော့ အခြားဖုန်းများနှင့်မတူတဲ့ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းအကြည်လေးဖြစ်ပါတယ်။

Samsung Galaxy Z Fold 4

flagship ဖုန်း

Galaxy Z Fold 4 ကတော့ သြဂုတ် (သို့) စက်တင်ဘာလမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၉၉ နှင့် ၁၇၉၉ ဝန်းကျင်ရှိပါတယ်။ သူ့ဒီဇိုင်းကတော့ Galaxy Z Fold 3 လိုပါပဲ။ သို့သော် Z Fold 4 ကတော့ ပိုမိုပါးပါးလျလျလေးနဲ့ ကျစ်ကျစ်လျစ်လျစ်လေးဖြစ်နေမှာပါ။

Google Pixel 7 & 7 Pro

flagship ဖုန်း

Google Pixel 7 နှင့် 7 Pro ကတော့ အောက်တိုဘာလအတွင်း ထွက်ရှိမယ်လို့ ခန့်မှန်းသတင်းရထားပါတယ်။ သူ့ရဲ့ကင်မရာဘားတန်းကိုတော့ ဖုန်းရဲ့ Frame လိုပဲ အလူမီနီယံနှင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ Display ပိုင်းနဲ့ပတ်သက်ရင်တော့ Pixel 7 က Full HD ရပြီး 7 Pro ကတော့ Quad HD ရရှိမှာဖြစ်ပါတယ်။

Apple iPhone 14

latest phone

အားလုံးမျှော်လင့်နေကြတဲ့ iPhone 14 ကတော့ စက်တင်ဘာလ ၁၃ ရက်နေ့မှာထွက်မယ်လို့ သတင်းရထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ဒေါ်လာ ကနေ အစပြုမယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ 5G နှင့် A15/16 Chip ကို အသုံးပြုထားမှာဖြစ်ပြီး iOS 16 ရရှိမှာဖြစ်ပါတယ်။

Google Pixel Fold

latest phone

ဒီဖုန်းကတော့ ၂၀၁၉ တုန်းက ပထမဦးဆုံး သတင်းထွက်ခဲ့တဲ့ဖုန်းဖြစ်ပါတယ်။ ထို့နောက်မှာတော့ ၂၀၂၀ မှာ Launch လုပ်မယ်ဆိုပြီး ဒုတိယအကြိမ်ကောလဟလထွက်ခဲ့ပြန်ပါတယ်။ ထိုနည်းတူ ၂၀၂၁ မှာလည်း နောက်တစ်ကြိမ် ကောလဟလထွက်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ တကယ် တမ်းတော့ မထွက်လာပြန်ပါဘူး။ ယခုတစ်ကြိမ်မှာလည်း ၂၀၂၂ အတွင်း ထွက်ရှိလာဦးမယ်လို့ သတင်းထွက်နေပြန်ပါတယ်။

Source: Pocket-lint

Featured Image: Mobilesyrup