နှစ်စဉ် ကျင်းပနေကျ Apple ရဲ့ World Wide Developer Conference (WWDC) ပွဲကနေ ဒုတိယမျိုးဆက် M2 Chipset ကို ထုတ်ဖော်ကြေညာသွားပါတယ်။

M2 Chipset ဟာ ၂၀၂၀ နိုဝင်ဘာလက ထုတ်ဖော် မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Custom ဒီဇိုင်းထုတ်ထားတဲ့ ARM-Based Computer Chip တစ်ခုဖြစ်တဲ့ M1 Processor ရဲ့ Successor လည်း ဖြစ်ပါတယ်။ M1 Chipset အတိုင်း M2 ဟာလည်း MacBook Air နဲ့ ၁၃ လက်မ MacBook Pro သစ်တို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီ Chipset သစ်ဟာ ဒုတိယ မျိုးဆက် 5nm Process Technology နည်းပညာပေါ် အခြေခံပြီး တည်ဆောက်ထားတယ်လို့ Apple က ကြေညာပါတယ်။

M2

Photo : GSMArena

အရင် ထွက်ခဲ့တဲ့ M1 နဲ့ စာရင် အခု ထွက်လာတဲ့ 8 Core CPU သစ်ဟာ CPU စွမ်းဆောင်ရည်မှာ ၁၈% ပို သွက်လက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ ဒီလို သွက်လက်လာတဲ့ အကြောင်းရင်းတစ်ခုက Performance Cores တွေ ပိုသွက်လာသလို Caches အကြီးစားတွေလည်း ပါလာတာကြောင့် ဖြစ်တယ်လို့ Apple က ပြောပါတယ်။ နောက်တစ်ချက်ကလည်း စွမ်းအင် ထိရောက်မှုကို ပိုသက်သာစေတဲ့ Efficiency Cores တွေမှာလည်း အရင်ကထက် အများကြီး Performance ပို ထွက်လာတယ်လို့ ဆိုပါတယ်။

Samsung Galaxy Book 2 360 မှာ ပါတဲ့ Intel Core i7-1255U Processor နဲ့ ယှဉ်မယ်ဆိုရင် M2 မှာ ပါတဲ့ Processor ဟာ Power Level တန်း အတူတူမှာ Performance နှစ်ဆနီးပါး ပို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ စွမ်းအင်ပါဝါ သုံးစွဲမှုအနေနဲ့ လေးပုံ ၁ ပုံ လောက်ပဲ စားပေမယ့် Intel Chip က ပေးတဲ့ အမြင့်ဆုံး Peak Performance ကို ပေးနိုင်တယ်လို့ Apple က ထုတ်ဖော် ပြောဆို ထားပါတယ်။

နာမည်ကြီး MSI Prestige 14Evo မှာ ပါတဲ့ 12 Core Intel Core i7-1260P Processor နဲ့ နှိုင်းယှည်မယ်ဆိုရင်လည်း စွမ်းအင် Power လေးပုံ ၁ ပုံပဲ သုံးထားချိန်မှာတောင် M2 က Peak Performance ရဲ့ ၉၀% နီးပါး ထုတ်ပေးနိုင်တယ်လို့လည်း ကုမ္ပဏီက ပြောထားပါတယ်။ M2 Chipset ဟာ ပြိုင်ဘက်တွေထက် Central Processing Power တင် သာတာမျိုး မဟုတ်ဘဲ GPU လို့ ခေါ်တဲ့ ဂရပ်ဖစ်လုပ်ဆောင်ချက်အရလည်း အားသာချက်တွေ ရှိထားတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

GPU Cores တွေအရလည်း M1 နဲ့ ဆင်ပေမယ့် Efficient ဖြစ်မှုမှာ နည်းနည်း ပိုသာတယ်လို့ ဆိုပါတယ်။ 10-Core M2 Chipset ဟာ Power Consumption ချင်း အတူတူ M1 ရဲ့ 8-Core GPU ထက် Performance ၂၅% ပို ကောင်းတယ်လို့လည်း ပြောထားပါတယ်။ နောက်ထပ် Power Consumption တချို့ထပ်ထည့်ထားချိန်မှာဆို GPU Performance ဟာ ၃၅% အထိ တိုးနိုင်မှာပါ။

M1 And M2 Chipset

Photo : GSMArena

Samsung Galaxy Book 2 360 ထဲမှာ ပါတဲ့ Graphic အရဆို Apple ရဲ့ M1 GPU ဟာ Power Level တန်း အတူတူမှာ ၂.၃ ဆ ပိုသွက်လာနိုင်ပါတယ်။ ပါဝါရဲ့ ၅ ပုံ ၁ ပုံ သုံးချိန်မှာတောင် Galaxy Book 2 360 ရဲ့ Peak Performance ကို မှီနိုင်တယ်လို့ ဆိုပါတယ်။ Apple M2 Processor မှာ သုံးထားတဲ့ 16-Core Neural Engine ဟာ တစ်စက္ကန့် Operations ပေါင်း ၁၅.၈ ထရီလီယံ လုပ်ဆောင်နိုင်တာကြောင့် M1 Chipset ထက် ၄၀% ပို မြန်ဆန်လာမှာပါ။ Memory Bandwidth ပ်ိုင်းမှာလည်း ၅၀% ထပ်တိုးပြီး 100 GB/s ရှိလာမှာ ဖြစ်ပါတယ်။

Memory အနေနဲ့ M2 Chipset ဟာ LPDDR5 RAM 24GB အထိ Support ပေးလာမှာပါ။ နောက်ထပ်ထူးခြားတာတွေကတော့ M2 Chipset ဟာ Transistors ပေါင်း ဘီလျံ ၂၀ ကျော် ပါဝင်ပြီး M1 ထက် ၂၅% ကျော် ပိုများလာပါတယ်။ 6K ရုပ်ထွက်ရတဲ့ External Displays တွေ ပံ့ပိုးနိုင်သလို ProRes ၊ 8K H.254 နဲ့ HEVC Video Encoding & Decoding စနစ်လည်း အထောက်အပံ့ပေးမယ်လို့ သိရပါတယ်။

Featured Photo : dpreview