ကွီးတို့က ရော့ခ်သီချင်း ချစ်သူတစ်ယောက်ဆိုရင် Foo Fighters Band ရဲ့ တေး သီချင်း တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ၁၉၉၄ ခုနှစ် ဧပြီလမှာ Nirvana တီးဝိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် Kurt Cobain ကွယ်လွန်ခဲ့ပြီးနောက် Nirvana တီးဝိုင်းရဲ့ ဒရမ်သမား Dave Grohl ဟာ Foo Fighters Band ကို စတင်တည်ထောင်ခဲ့ပြီး နောက်ဆယ်စုနှစ် နှစ်ခုအတွင်း အကျော်ကြားဆုံးရော့ခ်ဂီတ အနုပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ Dave Grohl က သူ့အသက် ၁၇ နှစ်မှာ Nirvana တီးဝိုင်းမှာ ဒရမ်သမား အဖြစ် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ပါဝင် တီးခတ်ခဲ့ပါတယ်။

Dave Grohl က Cobain ကွယ်လွန်ပြီးနောက် လအနည်းငယ်အတွင်းမှာ Foo Fighters နာမည်နဲ့ Demo အခွေတစ်ခွေ ထုတ်ခဲ့ပြီး Germs တီးဝိုင်းအဖွဲ့ရဲ့ ဂစ်တာသမား Pat Smear နဲ့ Sunny Day Real Estate ရဲ့ အဖွဲ့ဝင် ဘေ့စ်သမား Nate Mendel တို့ကို ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Foo Fighters တွေဟာ ရော့ခ်ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များ ရေပန်းစားလာခဲ့ပြီး Foo Fighters တွေဟာ Nirvana ထက်ကို ပိုပြီး ကျော်ကြားတဲ့ Band တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရော့ခ်သီချင်း ချစ်သူ ကွီးပရိသတ်တွေအတွက် Foo Fighters Band ရဲ့ အကောင်းဆုံး လက်ရွေးစင် သီချင်း ၁၀ ပုဒ်ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) The Pretender

Source : Foo Fighters

(၂) Everlong

Source : Foo Fighters

(၃) Monkey Wrench

Source : Foo Fighters

(၄) Big Me

Source : Foo Fighters

(၅) Times Like These

Source : Foo Fighters

(၆) My Hero

Source : Foo Fighters

(၇) All My Life

Source : Foo Fighters

(၈) Learn to Fly

Source : Foo Fighters

(၉) Aurora

Source : Foo Fighters

(၁၀) Stacked Actors

Source : Foo Fighters

ရော့ခ် သီချင်းချစ်သူ ကွီးတို့ရော Foo Fighters Band ရဲ့ အကျော်ကြားဆုံး သီချင်း ကောင်းများစွာထဲက ဘယ်သီချင်းကို အကြိုက်ဆုံးလဲဆိုတာ ကွန်းမန့်မှာ ရေးခဲ့ပါဦးနော်။