ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါးလို့ ပြောကြတဲ့စကားလေးအတိုင်း လူတစ်ယောက်အတွက်ကျန်းမာရေးက တော်တော်လေးကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျန်းမာဖို့ အစားအသောက်တွေထိန်းသိမ်းတာအပြင် အားကစားလုပ်ခြင်းကလည်း မှန်ကန်တဲ့ကျမ်းမာရေးအလေ့အထိတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့ နေ့စဉ်အားကစားခြင်းဖြင့် စိတ်နဲ့ ခန္ဓာကိုယ်အပေါ်ဘယ်လိုကျန်းမာရေးအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ကျန်းမာကြံ့ခိုင်လာမယ်

Source : Baltimore Sun

ယနေ့ခေတ်လိုနည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာဝန်ထမ်းအများစု ကွန်ပြူတာအရှေ့မှာပဲထိုင်ပြီး အလုပ်လုပ်ကြရတာများပါတယ်။ထိုင်ခုံမှာထိုက်ပြီးကွန်ပြူတာအသုံးရတဲ့အချိန်များလာတဲ့အခါ အဝလွန်ခြင်း ကိုယ်လက်ညောင်းညာကိုက် ခဲခြင်း အာရုံကြောအားနည်းခြင်းစတဲ့ကျန်းမာရေးပြဿနာတွေများစွာကြုံလာရနိုင်ပါတယ်။သင့်အနေနဲ့ နေ့စဉ်ပုံမှန်အား ကစားတစ်ခုခုလုပ်မယ်ဆိုရင်တော့ ဒီလိုကျန်းမာရေးပြဿနာတွေမှ လွတ်မြောက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိလာစေမှာပဲဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုနည်းလာမယ်

Source : Cocoyoyo

လူတိုင်းလူတိုင်းအတွက် နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေကြုံတွေ့နေကြပါတယ်။အားကစားပုံမှန်လုပ်ဆောင်ခြင်းကကိုယ်ရဲ့ စိတ်နဲ့ဆက်နွယ်နေတာကြောင့် တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကိုအကောင်းဆုံးလျော့ကျစေပြီး စိတ်ဖိစီးမှုကင်းတဲ့ နေ့သစ်တွေစီခေါ်ဆောင် သွားပေးမှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုများတဲ့ ဝန်ထမ်း တွေအနေနဲ့ မွန်းကြပ်တဲ့နေ့စဉ်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ တစ်နေ့ကိုတစ်နာခန့်အချိန်ပေးပြီး အားကစားလုပ်ဆောင်ပေးသင့်ပါတယ်။

(၃) နုပျိုလန်းဆန်းလာစေမယ်

Source : Max Vit

နေ့စဉ်ပုံမှန်အားကစားလုပ်ဆောင်ခြင်းက သင့်ကိုစိတ်ပိုင်းဆိုင် နုပျိုစေရုံသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း နုပျိုလန်းဆန်းလာစေမှာဖြစ်ပါတယ်။တစ်ချို့သောလူတွေမှာအသက်အရွှယ်နဲ့ မလိုက်အောင်နုပျိုလန်းဆန်းမှုတွေပိုင်ဆိုင်ထားကြတာမြင်ဖူးကြမယ်ထင်ပါတယ်။ဒီလိုလူတွေရဲ့ အဓိကလျို့ဝှက်ချက် အားကစားပုံမှန်လုပ်ဆောင်လို့ပါပဲ။အားကစားလုပ်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုထိန်းညှိပေးပြီး အသားအရေကြည် လင်လှပကာ နုပျိုလန်းဆန်းမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု့ပြည့်ဝနေစေမှာဖြစ်ပါတယ်။

(၄) အာရုံစူးစိုက်မှုကောင်းလာမယ်

Source : Fithabits

အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျဆင်းနေလို့ စိတ်ညစ်နေရင်တော့ အားကစားတစ်ခုခုလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ဘာကြောင့်လဲဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်အတွက် ခွန်အားတွေပိုမိုအားရရှိစေပြီး အာရုံစူးစိုက်မှုပိုမိုကောင်းမွန်စေကာ အလုပ်ခွင်မှာ စွမ်းဆောင်ရေကောင်းတဲ့ဝန်ထမ်းတစ်ယောက်အဖြစ်နာမည်ကောင်းရစေမှာ ဖြစ်ပါတယ်။