ဂိမ်းဝါသနာရှင် ကွီးတို့ရေ မိုဘိုင်းလ်ဂိမ်း မျိုးစုံကို စမ်းသပ်ကစားကြည့်ချင်ပါသလား။ ဒါမှမဟုတ် ကောင်းနိုးရာရာ ဂိမ်းများကို တစ်ခုပြီးတစ်ခုကစားကြည့်ရင်း ရှာနေပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းတစ်ခု Download ဆွဲတိုင်း ပိုက်ဆံကုန်ရမယ်ဆိုရင် တကယ်ကို နှမြောစရာကောင်းလှပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။  ဖုန်းနဲ့ ကစားလို့ရတဲ့ အခမဲ့ Free-to-Play မိုဘိုင်းလ်ဂိမ်း လေးတွေ ရှိပါတယ်။ ထို Free-to-Play ဂိမ်းလေးတွေကို ကွီးတို့အတွက် ဝေမျှပေးချင်ပါတယ်။

(၁) Alto’s Odyssey/Adventure

Source : Alto’s Adventure

ပထမဆုံးဖော်ပြချင်တဲ့ Free-to-Play မိုဘိုင်းလ်ဂိမ်း လေးကတော့ Alto’s Odyssey/Adventure ပဲဖြစ်ပါတယ်။ ကွီးတို့ရေ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ပြီး ကျယ်ပြောလှတဲ့ ခမ်းနားထည်ဝါတဲ့ သဲကန္တာရထဲမှာ  စူးစမ်းမှုတွေ မလုပ်ချင်ဘူးလား။ ဒါဆိုရင်တော့ Alto နဲ့ သူငယ်ချင်းများနဲ့အတူ အဆုံးမရှိတဲ့ သဲကန္တာကြီးထဲကို ဖြတ်သန်းဖို့ အခုပဲ ပူးပေါင်းပါဝင်လိုက်ပါ။ ဒီဂိမ်းကို iOS နဲ့ Android ၂ မျိုးစလုံးမှာ ကစားလို့ရပါတယ်။

(၂) Fortnite

Source : Fortnite

ကွီးတို့ကို နောက်ထပ်ဖော်ပြပေးချင်တဲ့ မိုဘိုင်းလ်ဂိမ်းလေးကတော့ Fortnite ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက 2018 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး iOS နဲ့ Android ၂ မျိုးစလုံးမှာ ကစားလို့တဲ့ Free-to-Play မိုဘိုင်းလ်ဂိမ်းတစ်ခုပါ။ Battle တွေ တိုက်ရတာကြိုက်တဲ့ ကွီးတွေအတွက်တော့ ကွက်တိပါပဲ။

(၃) Asphalt 9: Legends

Source : Asphalt

Racing ကိုကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်ကတော့ Free-to-Play ကစားလို့ရတဲ့ Asphalt 9: Legends ဆိုတဲ့ မိုဘိုင်းလ်ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းကို iOS၊ Android နဲ့ Windows မှာပါ ကစားလို့ရပါတယ်။  ကွီးတို့ကြိုက်နှစ်သက်ရာ ကားအမျိုးအစားကို ရွေးချယ်ပြီး ကားမောင်းပြိုင်လိုက်ပါ။ တကယ်ကိုမိုက်တဲ့ Graphics တွေနဲ့ ကွီးတို့စိတ်ကို ကျေနပ်စေမှာပါ။

(၄) Honkai Impact 3rd

Source : Honkai Impact 3rd

နောက်ထပ် အခမဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းလေးကတော့ Honkai Impact 3rd ပဲဖြစ်ပါတယ်။ miHoYo ကုမ္ပဏီ ကပဲ Genshin Impact မထုတ်ခင် ဒီ Honkai Impact 3rd ဂိမ်းကို အရင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ Android ရော iOS မှာပါကစားလို့ရတဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားနိုင်တဲ့ ဟီးရိုးတစ်ယောက်စီတွင် မတူညီသော ကစားဟန်များကို ဖြည့်ဆည်းပေးတဲ့ အားသာချက်များရှိပါတယ်။

(၅) Call Of Duty : Mobile

Free-to-Play မိုဘိုင်းလ်ဂိမ်း

Photo : TeachRader

ဒီ Call of Duty : Mobile ကိုတော့ ကွီးတို့ အကုန်သိပြီးသား ဖြစ်လောက်ပါတယ်။ ဒီဂိမ်းကို iOS နဲ့ Android နှစ်မျိုးလုံးမှာ ကစားလို့ရပါတယ်။ ဒီ ဂိမ်းက Free-to-Play ကစားလို့ ရတဲ့ Graphics အမိုက်စားတွေနဲ့ Shooter Game တစ်ခုဖြစ်ပါတယ်။

ကွီးတို့ရေ ဒီဂိမ်းတွေက Free-to-Play ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေဖြစ်လို့ အခုပဲ Download ဆွဲပြီး ကစားကြည့်လိုက်နော်။

Featured Photo : Megplay