Gamer တွေကတော့ ဂိမ်းနဲ့ ပတ်သတ်တဲ့ ဘယ်လိုဆက်စပ်ပစ္စည်းမဆို သဘောကျလေ့ရှိပါတယ်။ အခုဆိုရင် နည်းပညာတွေ မြင့်မားလာနဲ့အမျှ ဈေးကွက်မှာ စွမ်းဆောင်ရည်မြင့် Gaming PC တွေ၊ မော်ဒယ်မြင့် ကီးဘုတ်တွေ အပြင် အလန်းစား Gaming Mouse စတာတွေ အများအပြားပါပဲ။ ထို့အတူ ဂိမ်းဆော့ရာမှာ အဆင်ပြေပြေနဲ့ နိုင်ပွဲတွေရဖို့ မောက်စ်တွေကလည်း အရေးပါပါတယ်။ ဒီဆောင်ပါးလေးမှာတော့ မောက်စ် လဲဖို့ စဉ်းစားနေတဲ့ Gamer တွေအတွက် နိုင်ပွဲတွေဆီ ခေါ်ဆောင်သွားနိုင်မယ့် အဖိုင်းစား မောက်စ်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Razer DeathAdder V2

Photo : Amazon.com
Gamer တွေအတွက်တော့ ဒီ Razer တံဆိပ်နဲ့ စိမ်းမယ်မထင်ပါဘူး။ Razer ရဲ့ Razer DeathAdder V2 မောက်စ်ကလည်း ဒီနှစ်အတွက် အကောင်းဆုံး Gaming Mouse တစ်ခုပါ။ ၎င်းမှာ အကောင်းဆုံး အာရုံခံစနစ်ပါဝင်တာကြောင့် ဂိမ်းကစားရမှာ ပေါ့ပါးပြီး တုန့်ပြန်မှုလည်း မြန်ဆန်ပါတယ်။ ခလုတ် ၆ ခုပါဝင်ပြီး လက်အရွယ်အစား အမျိုးမျိုးနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒီဇိုင်းကလည်း လူငယ်တွေ အကြိုက်တွေ့စေမယ့် ဒီဇိုင်းပါပဲ။
Logitech G203 Lightsync

Photo : PC Gamer
လက်ထဲမှာ ကောင်းကောင်းထိန်းချုပ်နိုင်ပြီး အရွယ်အစားသေးတဲ့ မောက်စ်ကို သဘောကျရင်တော့ Logitech G203 Lightsync ရှိပါတယ်။ ၎င်းမှာ ခလုတ် ၅ ခုပါဝင်ပြီး ဈေးနှုန်းလည်း သက်သာတဲ့ အကောင်းဆုံး Gaming မောက်စ်တစ်ခုပါ။ ၎င်းရဲ့ အာရုံခံကိရိယာကလည်း အဆင်ပြေပြီး ဂိမ်းကစားရန်အတွက် သင့်လျော်သည်ထက် ပိုပါတယ်။
Razer DeathAdder V3 Pro

Photo : lowyat.NET
ကြိုးတွေ မပါဘဲ လွတ်လွတ်လပ်လပ်နဲ့ မောက်စ်ကို အသုံးပြုချင်တယ်ဆိုတဲ့ ကွီးတို့အတွက် အကောင်းဆုံး Wireless Gaming မောက်စ် တစ်ခုကတော့ Razer DeathAdder V3 Pro ပါပဲ။ ၎င်းမှာ ခလုတ် ၅ ခုပါဝင်ပြီး ကောင်းမွန်သော အာရုံခံစနစ်ပါဝင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိနိုင်သည်သာမက ဘတ်ထရီသက်တမ်းကလည်း တော်တော်လေး ခံပါတယ်။ သူ့ရဲ့ ဒီဇိုင်းကတော့ ရိုးရှင်းပြီး လက်ထဲတွင်လည်း သက်တောင့်သက်သာ ရှိပါတယ်။
Logitech G502 X

Photo : Logitech G
Gamer ဘဲရီးတွေကို နိုင်ပွဲတွေဆီ ခေါ်ဆောင်သွားမယ့် နောက်ထပ် အဖိုင်းစား မောက်စ်တစ်ခုကတော့ Logitech G502 X ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အမိုက်စား ဒီဇိုင်းနဲ့ ကောင်းမွန်စွာ တည်ဆောက်ထားပုံက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ သူ့မှာ ခလုတ် ၁၁ ခုပါဝင်ပြီး ဂိမ်းကစားရာမှာလည်း ပေါ့ပါးသွက်လက်မှု ရှိပါတယ်။
SteelSeries Prime Wireless Pro

Photo : PC Gamer
ကွီးတို့အနေနဲ့ ဂိမ်းတွေပြိုင် ကြမယ်ဆိုရင် ဒီမောက်စ်က ရွေးချယ်လို့ အကောင်းဆုံးပါပဲ။ ၎င်းသည်လည်း Wireless မောက်စ်တစ်ခု ဖြစ်ပြီး ဘတ်ထရီ သက်တမ်းက နာရီ ၁၀၀ ခန့်ရှိတာကြောင့် တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ၎င်းမှာ ခလုတ် ၆ ခုပါရှိပြီး ဂိမ်းကစားရာမှာ သက်တောင့်သက်သာ ဖြစ်စေသည်သာမက ကောင်းမွန်သော ခံစားချက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဒီအဖိုင်းစားလေးတွေက ဒီနှစ်အတွက် အကောင်းဆုံး Gaming Mouse လေးတွေပါပဲ။
Source : PC Gamer
Featured Photo : Ars Technica
