ဂိမ်းဝါသနာရှင် ကွီးတို့အတွက်ကတော့ ဂိမ်းနဲ့ ပတ်သတ်တဲ့ အသုံးအဆောင်တွေကို စုဆောင်းရတာ ကြိုက်ကြမှာပါ။ တိုးတက်လာတဲ့နည်းပညာနဲ့ အညီ ဂိမ်းနဲ့ပတ်သတ်တဲ့ Gadgets တွေကလည်း တကယ်ကို အမိုက်စားတွေ ချည်းပါပဲ။ ဒီနေ့မှာတော့ Gamer ကွီးတို့ ကြွေလောက်တဲ့ နောက်ဆုံးပေါ် အကြမ်းစား၊ အမိုက်စား Gaming Gadgets တွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
SnapJoy Controllers

Photo : Yanko Design
ဖုန်းနဲ့ မိုဘိုင်းလ်ဂိမ်းတွေကို ကစားရတာကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ဂိမ်းတွေကို စိတ်တိုင်းကျ ပိုမိုထိန်းချုပ်နိုင်ပြီး ပေါ့ပါးသွက်လက်စွာ ကစားနိုင်ဖို့ဆို SnapJoy Controllers က ကူညီပေးနိုင်ပါတယ်။ SnapJoy Controllers ကို Zak Boardman မှ ဒီဇိုင်းထုတ်ထားပါတယ်။ ဒီ Controllers လေးက သယ်ဆောင်ရအလွန်လွယ်ကူပြီး ဖုန်းနဲ့လည်း လျင်လျင်မြန်မြန် ချိတ်ဆက်နိုင်ပါတယ်။
REACT

Photo : Yanko Design
နောက်ထပ်ဖော်ပြပေးချင်တာကလည်း ဖုန်းနဲ့ ချိတ်ဆက်ပြီး မိုဘိုင်းလ်ဂိမ်းတွေကို ကစားနိုင်တဲ့ REACT ဆိုတဲ့ ဆန်းသစ်တဲ့ Controller လေးပါ။ ၎င်းကို Rahul Chhapia မှ ဒီဇိုင်းထုတ် ဖန်တီးထားပြီး Ergonomic ဒီဇိုင်းရဲ့ ပြောင်မြောက်သော လုပ်ဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကိုင်တွယ်ရတာ သက်တောင့်သက်သာရှိပြီး ထိန်းချုပ်နိုင်မှုကလည်း ပေါ့ပါးသွက်လက်မြန်ဆန်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် ကွီးတို့အကြိုက်တွေ့စေမှာ အမှန်ပါပဲ။
Razer BlackWidow V4 Pro Gaming Keyboard

Photo : Lowyat.NET
Gamer ကွီးတို့ကတော့ ဂိမ်းနဲ့ ပတ်သတ်တာတွေကို အလန်းစားဘဲ သုံးချင်ကြတယ် မဟုတ်ပါလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် Razer ကီးဘုတ်လေးက ကွီးတို့သဘောကျစေမှာပါ။ ဒီကီးဘုတ်မှာ လျင်မြန်စွာလုပ်ဆောင်နိုင်သော စက်ခလုတ်များ၊ ထင်ရှားတဲ့ အမိုက်စား အောက်ခံမီးများနဲ့ အချိန်ကြာကြာကစားနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဂိမ်းထဲမှာ နစ်မြှပ်ပြီး အောင်ပွဲတွေခံစားနိုင်ဖို့ ပံ့ပိုးပေးနိုင်မယ့် ကီးဘုတ်လေးပါပဲ။
Razer Viper V2 Pro

Photo : Yanko Design
ဂိမ်းတွေကို သွက်လက်စွာ ကစားနိုင်ပြီး တုံ့ပြန်မှုမြန်ဆန်နိုင်ဖို့ဆိုရင် မောက်စ်တွေကလည်း အရေးပါပါတယ်။ အခုဖော်ပြပေးမှာကတော့ Razer ရဲ့ အမိုက်စား Gaming Mouse တစ်ခု ဖြစ်တဲ့ Razer Viper V2 Pro ပဲ ဖြစ်ပါတယ်။ ၎င်းက ထိန်းချုပ်မှုကို လျင်မြန်စွာလုပ်ဆောင်နိုင်ပြီး စွဲမက်ဖွယ်အာရုံခံကိရိယာနဲ့ ကြိုးမဲ့ စွမ်းဆောင်ရည်ပါ ပါရှိပါတယ်။ ဒီဗားရှင်းက သိသိသာသာ ပေါ့ပါးပြီး လျင်မြန်စွာ ရွေ့လျားရန် ပိုမိုလွယ်ကူတာကြောင့် အချိန်ကြာကြာ ဂိမ်းကစားသူများအတွက် အဆင်ပြေပါတယ်။ တစ်ခုရှိတာကတော့ ၎င်းက ညာသန် အသုံးပြုသူများအတွက်သာ သီးသန့်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အနည်းငယ်ကြီးတဲ့ လက်များအတွက် ပိုပြီး အဆင်ပြေနိုင်ပါတယ်။
Audeze Maxwell Wireless

Photo : Audeze UK
ဂိမ်းတွေကို ဇိမ်ရှိရှိကစားဖို့ဆိုရင် နားကြပ်တွေကလည်း အရေးပါပါတယ်။ ဂိမ်းဆော့ဖို့အတွက် နားကြပ်ရွေးချယ်မယ်ဆိုရင် Audeze Maxwell Wireless ရှိပါတယ်။ ၎င်းက ခိုင်ခံ့ပြီး Wireless ဖြစ်တဲ့အပြင် PC များနှင့် တွဲဖက်အသုံးပြုနိုင်သော Xbox နှင့် PlayStation မျိုးကွဲများနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ကောင်းမွန်သော အသံစွမ်းရည်ကို ပေးစွမ်းနိုင်သည်သာမက ကွီးတို့ရဲ့ နားဆင်မှု အတွေ့အကြုံကို စွဲမက်ဖွယ်ကောင်းစေဖို့အတွက် Dolby Atmos၊ Virtual Surround Sound လုပ်ဆောင်ချက်တို့လည်း ပါဝင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ Gamer ကွီးတို့ ကြွေစေမယ့် အမိုက်စား Gaming Gadgets တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ စိတ်တိုင်းကျတဲ့ Gadgets တွေရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Source : YD Yanko Design
Featured Photo : Yanko Design
