ဂိမ်းဝါသနာရှင် ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဆော့လို့ကောင်းတဲ့ Gangster ဂိမ်း ၄ ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Android ဖုန်းနဲ့ ဆော့ကစားလို့ရမယ့် အမိုက်စား ဂိမ်းတွေ ဖြစ်တာကြောင့် ဂိမ်းချစ်သူတွေ လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။ ကဲဒါဆို ဘယ်ဂိမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Grand Gangsters 3D

Source : AndroidGameplay4You

Grand Gangsters 3D ဂိမ်းကတော့ နာမည်ကြီး Grand Theft Auto နဲ့ Gangster ဂိမ်းတွေနဲ့ ပုံစံတူ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကားခိုးတာ ၊ တိုက်ခိုက်တာ စတဲ့ GTA ဂိမ်းတွေမှာ ပါတဲ့ လုပ်ဆောင်ချက်တွေ အားလုံးနီးပါး ပါပါတယ်။ Free to Play ဆော့လို့ရတဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် Gangster ဂိမ်း ချစ်သူတွေ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၂) Idle Mafia

Source : Idle Mafia – Century Games

Idle Mafia ဂိမ်းကတော့ Crime ဂိမ်းဖန်တွေ ဆော့ကြည့်သင့်တဲ့ အမိုက်စား ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဂိမ်းဇာတ်ကောင်တွေနဲ့ Graphic ကလည်း အတော်လေး ကောင်းမွန်ပါတယ်။ Player တွေအနေနဲ့ ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို တစထက်တစ ကြီးထွားအောင် တိုးချဲ့လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကလည်း Free to Play ဆော့လို့ရမှာ ဖြစ်ပါတယ်။

(၃) Mob Wars

Source : Mob Wars: La Cosa Nostra

Mob Wars ဂိမ်းကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စား မာဖီးယားဂိမ်းတစ်ခု ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၁ သန်းကျော်ရှိခဲ့တဲ့ ပထမဆုံး Facebook ဂိမ်း ဖြစ်ပါတယ်။ မာဖီးယားဂိုဏ်းရဲ့ Boss တစ်ယောက်ဖြစ်လာဖို့ အောက်ခြေကနေ အဆင့်ဆင့် ကျော်ဖြတ်ပြီး ကစားသွားရမှာပါ။ သူငယ်ချင်းတွေကို Invite လုပ်ပြီးအတူတူ ကစားလို့ရသလို Free to Play ဆော့လို့ရတဲ့ ဂိမ်းတစ်ခုပဲ‌ ဖြစ်ပါတယ်။

(၄) Gameloft’s Gangster Franchise (Three Games)

Source : Gangstar

Gameloft ရဲ့ Gangster စီးရီးမှာ ဂိမ်း ၃ ခုရှိပါတယ်။ ပထမဆုံးနဲ့ လူကြိုက်အများဆုံး ဂိမ်းမှာ Gangster Vegas ဖြစ်ပြီး အဲ့ဒီနောက်မှာ Gangster New Orleans နဲ့ Gangster Rio တို့ ထပ်ထွက်လာခဲ့ပါတယ်။ ဂိမ်း ၃ ခုစလုံးက ဆင်တူပြီး အားလုံးက Grand Theft Auto ဂိမ်းနဲ့ ကစားရတဲ့ ပုံစံချင်း တူပါတယ်။ ဒီဂိမ်းက Graphic ပိုင်းမှာ တော်တော်လေး မိုက်တယ်လို့ ပြောလို့ရပြီး Free to Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Mystery Tribune