လူတစ်ယောက်သည် အခြားသူအများကြားထဲမှာ ထင်ပေါ်ပြီး ကြည့်ကောင်းနေဖို့ဆိုရင် သူ့ရဲ့ဖက်ရှင်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မိမိအသက်အရွယ်နဲ့ လိုက်ဖက်စွာ ဝတ်ဆင်တတ်ခြင်းသည်လည်း ကွီးတို့ကို ပိုမိုကြည့်ကောင်းစေပါတယ်။ ငယ်ရွယ်စဉ်မှာ လူငယ်ဆန်ဆန်ဒီဇိုင်းများ ဝတ်ဆင်သင့်ပြီး အသက်အရွယ် အနည်းငယ်ရလာတဲ့အခါ Gentleman စတိုင်လ် ဖက်ရှင် များ ဝတ်ဆင်ဖို့လိုအပ်ပါတယ်။

အသက်အရွယ်တစ်ခုရလာတဲ့ ကွီးတို့အနေနဲ့ အလုပ်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ပွဲအခမ်းအနား တက်တဲ့အခါမှာပဲဖြစ်ဖြစ် Gentleman စတိုင်လ် ဖက်ရှင် များကို ဦးစားပေးဖို့ လိုအပ်လာပါပြီ။

ကွီးတို့အနေနဲ့ Gentleman ဆန်ဆန် ဖက်ရှင် ဒီဇိုင်းများကို ဘယ်လို ဝတ်ဆင်ရမှန်းမသိဘူး၊ ဘယ်လို တွဲစပ်ရမှန်းမသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များကို လေ့လာနိုင်ပါတယ်။

Denim ဂျင်းဖက်ရှင်

Gentleman ဖက်ရှင်

ဒီဖက်ရှင်လေးကတော့ ကြည့်လိုက်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ Gentleman ဆန်ဆန်နဲ့ ကြည့်ကောင်းနေတာကို တွေ့မြင်ရမှာပါ။ ဒီလိုဖက်ရှင် ဖန်တီးဖို့အတွက် ဂျင်းဘောင်းဘီကို တီရှပ်အဖြူနှင့် တွဲဖက်ဝတ်ဆင်ပါ။ ထို့နောက် အပေါ်ကနေ ကုတ်အင်္ကျီတစ်ထပ် ဝတ်ဆင်ပေးလိုက်ပါ။

ပျိုတိုင်း ကြိုက်မယ့် အလန်းစားစတိုင်လ်

Gentleman ဖက်ရှင်

ဒီဖက်ရှင်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အနက်ရောင်စတိုင်လ်ဘောင်းဘီကို နက်ပြာနှင့် အဖြူအစင်းကျားရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ထို့နောက် ခါးပတ်သည်လည်း မပါမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ကုတ်အင်္ကျီကတော့ ကွီးတို့စိတ်ကြိုက် ထပ်ဝတ်လည်းရသလို မထပ်ဝတ်ချင်လည်း ရပါတယ်။

Layering သည်လည်း အရေးကြီးပါတယ်

Gentleman ဖက်ရှင်

ရှပ်အင်္ကျီအပါးတစ်ထည်ပေါ်ကနေ ဆွယ်တာ ထပ်ဝတ်တတ်တဲ့ ကွီးတို့ ရှိပါသလား။ ဒီလိုမျိုး အင်္ကျီအပါးအပေါ်ကနေ နောက်တစ်ထပ် ထပ်ဝတ်ပေးခြင်းကို Layering လုပ်တယ်လို့ ဖက်ရှင်လောကမှာ ခေါ်ဝေါ်ကြပါတယ်။

ကွီးတို့အနေနဲ့ ဒီလိုမျိုး တစ်ထပ်ပြီး တစ်ထပ် ဝတ်ဆင်တဲ့အခါ အရောင်အတွဲအစပ်သည် အင်မတန်အရေးကြီးပါတယ်။ လိုက်ဖက်တဲ့ အရောင်များကို ရွေးချယ်ဝတ်ဆင်တတ်မှသာလျှင် ပိုမိုလှပတဲ့ ဖက်ရှင်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အရောင် (၃) ရောင်ထက် မပိုပါစေနဲ့

fashion colour

ကွီးတို့အနေနဲ့ အင်္ကျီအပါးတစ်ထည်ပေါ်ကနေ နောက်ထပ် အင်္ကျီတစ်ထည် ထပ်ဝတ်ချင်သေးတယ်ဆိုရင် ဂရုစိုက်ရမယ့် အချက်တစ်ချက်ကတော့ မိမိခန္ဓာကိုယ် တစ်ခုလုံးရှိ ဖက်ရှင်အရောင်များသည် အရောင် (၃) ရောင်ထက် ပိုလို့မရဘူးဆိုတာပါပဲ။ အဝတ်အစားအပြင် ဖက်ရှင်အသုံးအဆောင်များကိုလည်း ထည့်တွက်ပေးရပါမယ်။ ဥပမာ ဘောင်းဘီတစ်ရောင်၊ အင်္ကျီအပါးတစ်ထည်က တစ်ရောင်၊ အပေါ်ဝတ်က တစ်ရောင်ဆိုရင် နာရီ (သို့) ဦးထုပ်ကို ထို (၃) ရောင်ထဲကပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ အရောင်တွေ များလွန်းတဲ့အခါ ကိုယ့်ရဲ့ဖက်ရှင်က ပြောင်ချော်ချော်စတိုင်လ်ဖြစ်သွားနိုင်ပါတယ်။

ကျွမ်းကျင်ဒီဇိုင်နာထံတွင် ချုပ်ဝတ်ပါ

designer

ရယ်ဒီမိတိအဝတ်အစားတွေ ဝတ်ဆင်တာထက် ဒီဇိုင်နာထံ ချုပ်ဝတ်တာကတော့ အကောင်းဆုံးပါပဲ။ ဒီဇိုင်နာထံ အပ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ် ကိုယ်တိုင်းနဲ့ ကွက်တိကျတဲ့ အဝတ်အစားများ ထွက်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ဖက်ရှင်ကလည်း အမိုက်စားဖြစ်နေမှာပဲဖြစ်ပါတယ်။ မိမိရဲ့ ဒီဇိုင်နာသည် နာမည်ကြီးရင် ကြီးသလောက် ချုပ်ခသည်လည်း ကြီးလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဝတ်စုံတိုင်းကို ဒီဇိုင်နာထံ မအပ်ချင်ဘူးဆိုရင်တောင်မှ အရေးကြီးတဲ့ ပွဲအခမ်းအနားမျိုး၊ ဥပမာ မင်္ဂလာအခမ်းအနားပွဲများ တက်တဲ့အခါ ဒီဇိုင်နာထံ အပ်နှံကာ ချုပ်ဝတ်တာကတော့ အကောင်းဆုံးပါပဲ။

Source: Luxe.digital

Featured Image: Manofmany