ဗော့ဒ်ကာချစ်သူတွေအတွက် နာမည်ကျော် နယူးယော့ခ် Bartender ဖြစ်သူ Audrey Saunders ရဲ့ Gin Drink လေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ Gin Gin Mule ဟာ New York City ကော့တ်တေးလ် လောကရဲ့ အမှတ်တံဆိပ်ဖြစ်သလို အမျိုးသမီး Bartender မျိုးဆက်ရဲ့ အမှတ်လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

Gin Gin Mule ကို မက်ဟန်တန် Pegu Club ကော့တ်တေးလ် နဲ့ အတူတူပါပဲ။ Pegu Club ဆိုတာ အင်္ဂလိပ်ခေတ်က စစ်ဘက်ဆိုင်ရာနဲ့ အစိုးရအရာရှိတွေပဲ သီးသန့်လာခွင့်ရတဲ့ မြန်မာနိုင်ငံ ရန်ကုန်က ပဲခူးကလပ်ရဲ့ အမှတ်တံဆိပ် Gin ကော့တ်တေးလ်ကို ပြောတာ ဖြစ်ပါတယ်။ Gin Gin Mule ဟာ Mojito နဲ့ ဆင်ပြီး Ginger Beer လေးပါ ပေါက်နိုင်တဲ့ ကော့တ်တေး ဖြစ်ပါတယ်။

Gin Gin Mule

Photo : thespruceeats

ဒီ ကော့တ်တေးလ် အတွက် လိုအပ်တာတွေက ပူစီနံ တစ်ခက် ၊ Simple Syrup ၁ အောင်စ ၊ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ သံပယို ၃/၄ အောင်စ ၊ Tanqueray London Dry Gin ၁ ၃/၄ အောင်စ ၊ Audrey Saunders ရဲ့ Ginger Beer ၁ အောင်စ လိုပါတယ်။ Shaker ခွက်ထဲမှာ ပူစီနံတစ်ခက် ၊ Simple Syrup နဲ့ Lime Juice တို့ကို ထည့်ထားပြီး Gin ၊ Ginger Beer နဲ့ ရေခဲထည့်ပြီး ရေခဲအရည်ပျော်တဲ့အထိ Shake ရမှာပါ။

ပြီးရင်တော့ ရေခဲအသစ် ထည့်ထားတဲ့ Highball Glass ဖန်တစ်ခွက်ထဲ ထည့်လောင်းရမှာ ဖြစ်ပါတယ်။ ခွက်ပေါ်မှာ ပူစီနံခက်လေးနဲ့ အလှဆင်ပြီးရင် အရသာချိုမြရွှမ်းတဲ့ Gin Gin Mule တစ်ခွက် ရပြီ ဖြစ်ပါတယ်။

Featured Photo : thespruceeats