Rum & Coke လိုပဲ နှစ်မျိုးတည်းနဲ့ ကျော်ကြားလှတဲ့ ကော့တ်တေးလ်တွေထဲမှာ Vodka Soda လည်း ပါဝင်ပါတယ်။ ဒီကော့တ်တေးလ်ကလည်း သမိုင်းရှိတဲ့ ကော့တ်တေးလ် ဖြစ်ပြီး အလွယ်တကူ ဖော်စပ်နိုင်လို့ သောက်သုံးမှုလည်း များပါတယ်။

ဗော့ဒ်ကာနဲ့ ဆိုဒါကော့တ်တေးကို လမ်းဘေးဘားတွေကနေ နိုက်ကလပ်တွေအထိ မှာယူသောက်သုံးနေကြပါတယ်။ ကော့တ်တေးလ်တစ်ခွက်အတွက် အပြင်မထွက်ပြီး ဆိုင်မထိုင်ချင်ရင် ကိုယ်တိုင် အိမ်မှာတင် Vodka Soda စပ်နိုင်ပါတယ်။ အရေးကြီးတာက Vodka ကောင်းကောင်း နဲ့ Soda ပဲ လိုပါတယ်။ အခု ဈေးကွက်ထဲမှာ အနံ့အရသာ အမျိုးမျိုးနဲ့ Sparkling Water တွေ အမျိုးမျိုး ထွက်နေပါတယ်။

cocktail

Photo : tasteofhome

လီမွန်အရသာ နဲ့ ဂရိတ်ဖရုအရသာ Sparkling Waters တွေက လူကြိုက်များပါတယ်။ Tonic Waters နဲ့ မတူတာက Sparkling Waters အတော်များများက Sugar-Free ဖြစ်ပါတယ်။ ဗော့ဒ်ကာ ၂ အောင်စ ၊ Club Soda နဲ့ သံပရာအရည် ၁ ဇွန်းစာလောက်လိုပါတယ်။ ဖော်စပ်ပြီးရင် ကြည့်လို့လှအောင် သံပယိုခြမ်းလေးလည်း တစ်ခြမ်းလောက် လိုမှာပါ။

Collins Glass ခွက်ထဲ ရေခဲဖြည့်ပြီး အပေါ်က ဗော့ဒ်ကာ လောင်းထည့်ရမှာပါ။ ဒီအပေါ်က Club Soda လေး ဖြည့်ရုံပါပဲ။ ကိုယ့်အကြိုက်နဲ့ကိုယ် အပေါ်မှာ သံပရာရည်လည်း နည်းနည်း ညှစ်ပြီး သံပယိုခြမ်းလေး ခွက်မှာ တပ်ပေးရုံပါပဲ။

Featured Photo : tasteofhome