Gin Based ကော့လ်တေးတွေထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ Fresh ဖြစ်စေမယ့် ကော့လ်တေးကို ညွှန်းပါဆိုရင် Gin Fizz က အကောင်းဆုံးပါပဲ။ Gin Fizz ကော့လ်တေးဟာ ၁၈၇၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ကျော်ကြားခဲ့တဲ့ Classic ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

ချိုမြမြနဲ့ ချဉ်တင်တင် အရသာနဲ့ ကြက်ဥအကာနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်အရသာတို့ရဲ့ပေါင်းစပ်မှုက သာမန်ကော့လ်တေးတွေထက် ထူးခြားကွဲပြားနေပြီး ကော့လ်တေးတစ်ငုံသောက်တိုင်းမှာ လန်းဆန်းသွားစေတဲ့ ခံစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ Gin Fizz ကော့လ်တေး ဖျော်စပ်ဖို့ အချိန် ၅ မိနစ်လောက်သာ ပေးရမှာပါ။ ကဲဒါဆို Gin Fizz ကော့လ်တေး တစ်ခွက် ဘယ်လိုဘယ်ပုံဖျော်စပ်ရတယ်ဆိုတာ အသေးစိတ်လေ့လာကြည့်ရအောင်ပါ။


Photo : A Couple Cooks

ပါဝင်ပစ္စည်းတွေကတော့ Gin ၊ Lemon ၊ Simple Syrup သို့မဟုတ် Maple Syrup ၊ ကြက်ဥအကာနဲ့ Soda Water တို့ ပါဝင်ပါတယ်။ ဖျော် စပ်နည်းကလည်း အရမ်းကိုလွယ်ကူ ရိုးရှင်းပါတယ်။ အရင်ဆုံး ရေခဲမထည့်ထားတဲ့ ကော့လ်တေး Shaker ထဲမှာ Gin ၊ သံပုရာရည် ၊ Simple Syrup နဲ့ ကြက်ဥအကာတို့ကို ရောထည့်ပြီး သမအောင် ရှိတ်ပါ။

ပြီးနောက် ဖန်ခွက်ထဲကို ရေခဲထည့်ပြီး ရှိတ်ထားတဲ့ ဖျော်ရည်ကို ခွက်ထဲဖြည်းဖြည်းချင်းထည့်ပါ။ ပြီးရင်တော့ Soda လောင်းထည့်လိုက်ပါ။ မှော်ပြကွက်တစ်ခု ပြလိုက်သလို အမြုပ်လေးတွေအပေါ်ကိုတက်လာပြီး လှပတဲ့ Gin Fizz ကော့လ်တေး တစ်ခွက်အသင့်သုံးဆောင်လို့ရပါပြီ။

Featured Photo : The Alpinist