ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နာဆာအသင်းဟာ အမှတ်ပေးလိဂ်ပြိုင်ပွဲ မတိုင်ခင်က အာရပ် ကလပ် ရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားခဲ့ပေမယ့်လည်း လိဂ်ပွဲတွေ ပြန်စတင်ချိန်မှာတော့ (၂)ပွဲဆက်တိုက်အထိ ရှုံးပွဲ တွေ့ထားခဲ့ရလို့ နိုင်ပွဲ မဖြစ်နေ လိုအပ်နေချိန်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ရဲ့ ဟက်ထရစ် မာ​​​နေးရဲ့ သွင်းဂိုး (၂)ဂိုးနဲ့အတူ အယ်လ် ​ဖာတာအသင်းကို အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

al nassr

Photo Credit : Al Nassr Twitter

အယ်လ် နာဆာအသင်းက ဒီပွဲစဥ်မှာ ရော်နယ်လ်ဒို မာနေး ဘရိုဇိုဗစ်တို့အပြင် မကြာသေးခင်ကမှ ခေါ်ယူထားတဲ့ လာပေါ့တ် နဲ့ အော်တာဗီယိုတို့ကိုပါ စတင် ပွဲထုတ်လာခဲ့ပါတယ်။ တစ်ဖက်က အယ်လ် ဖေတာအသင်းဟာလည်း ခရို​အေးရှား နည်းပြဟောင်းကြီး ဘီလစ် ကိုင်တွယ်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး တယ်လ်လို ဒီနာယာတို့လို ဥရောပ ကစားသမားတချို့ ပါဝင်ထားပါတယ်။

saudi pro league club al nassr

Photo Credit : Al Nassr Twitter

ပွဲကစားချိန် ပထမပိုင်း တစ်ပိုင်းလုံးမှာ အယ်လ် နာဆာက ပိုမို အသာစီး ရရှိခဲ့ပြီး ရော်နယ်ဒို နဲ့ မာ​​နေးတို့က တစ်ဂိုးစီ သွင်းယူရင်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ရော်နယ်လ်ဒိုက နောက်ထပ် (၂)ဂိုးထပ်သွင်းပြီး ဟက်ထရစ် ရရှိသွားခဲ့သလို မာ​နေးကလည်း (၁)ဂိုးထပ်သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရော်နယ်လ်ဒို မာ​​​နေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင် အယ်လ် ဖေတာအသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

cr7 & al nassr teammates

Photo Credit : TCR

ဒီပွဲစဥ်မှာ အယ်လ် နာဆာအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူ့ကစားသမားဘဝအတွင်းမှာ ဟက်ထရစ် အကြိမ်ရေပေါင်း (၆၃)ကြိမ်အထိတောင် သွင်းယူထားနိုင်ခဲ့သလို ဘောလုံးရာသီ (၂၁)ရာသီဆက်တိုက် အမှတ်​ပေး လိဂ်ပြိုင်ပွဲတွေအတွင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကောင်းကိုလည်း ပိုင်ဆိုင်သွားခဲ့ရပါတယ်။ အခုဆိုရင် ရော်နယ်လ်ဒို နဲ့ မာနေးတို့က တစ်ယောက်ကို လိဂ်သွင်းဂိုး (၃)ဂိုးစီနဲ့ ဒီရာသီ ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ ဒုတိယနေရာကနေ ပူးတွဲ ရပ်တည်လို့နေပါတယ်။

Featured Photo : Sports Bried