Gold Rush ကော့လ်တေး ဆိုတာကတော့ ခေတ်ဟောင်းနာမည်နဲ့ ချဉ်ပြုံးချိုမြတဲ့အရသာ Classy ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ၁၉၂၀ ဝန်းကျင် ခေတ်ဟောင်းကော့လ်တေး တစ်ခွက်လို့ ထင်ရပေမယ့်လည်း အမှန်တကယ်မှာတော့ Modern Classic ကော့လ်တေးအမျိုးအစား ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သောက်လို့ကောင်းပြီး ဝီစကီ Sour လို ပူအိုက်တဲ့အချိန်တွေမှာ လန်းဆန်းသွားစေမယ့် Refreshing ကော့လ်တေးပဲ ဖြစ်ပါတယ်။

Photo : A Couple Cooks

Gold Rush ကော့လ်တေး ဖျော်စပ်ဖို့ ဘော်ဘွန်း ဝီစကီ Whiskey ၊ သံပုရာရည်နဲ့ ပျားရည် Syrup စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးသာ အဓိက လိုအပ်ပါတယ်။ ဘော်ဘွန်း ဝီစကီ Whiskey ရဲ့ ရှတတ အရသာ ၊ ပျားရည် Syrup ရဲ့ ချိုမြမြ အရသာနှစ်မျိုး ဟန်ချက်ညီညီ အချိုးကျကျ ပေါင်းစပ်မှုရဲ့ အဆုံးသတ်မှာ သံပုရာရနံ့ သင်းသင်းလေးမွှေးတဲ့ စွဲမက်ဖွယ်ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ ဒင်နာပါတီ ၊ Summer ပါတီတွေမှာ တည်ခင်းဖို့ အလိုက်ဖက်ဆုံး ဖြစ်ပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပါတယ်။

Photo : A Couple Cooks

ကော့လ်တေးဖျော်စပ်နည်းကတော့ အရင်ဆုံး ကော့လ်တေး Shaker ထဲကို ဘော်ဘွန်း ဝီစကီ Whiskey ၂ အောင်စ ၊ Fresh Lemon Juice ၁ အောင်စနဲ့ ပျားရည် Syrup စားပွဲတင်ဇွန်း ၁ ဇွန်းကျော်ကျော်လောက်ထည့်ကာ ရေခဲလက်တဆုပ်စာလောက် ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးရပါမယ်။ ကော့လ်တေး ပြင်ဆင်ဖို့အတွက်ကတော့ Lowball သို့မဟုတ် Old Fashioned နှစ်သက်ရာ ဖန်ခွက်ကို သုံးနိုင်ပါတယ်။ ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ ကော့လ်တေး ဖျော်ရည်လောင်းထည့်ပြီး သံပုယိုသီးစိပ်လေး အလှဆင်ကာ ချဉ်ပြုံးချိုမြအရသာ Gold Rush ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Delish