ညီအစ်ကိုတို့ရဲ့ တစ်နေ့တာပင်ပန်းမှုတွေကို ပြေပျောက်စေပြီး ခွန်အားအသစ် အတွေးအခေါ်အသစ်တွေရရှိဖို့ ဆိုရင် Grand Royal Black က ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ အချိန်ရာသီတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ ဆန်းသစ်တဲ့ထုပ်ပိုးမှုပုံစံဒီဇိုင်း မပြောင်းလဲမူလအရသာနဲ့အတူ ညီအစ်ကိုတို့ရဲ့ရင်ထဲမှာ အမြဲနေရာယူထားနိုင်တာ ဂရင်းအမည်းပဲဖြစ်ပါတယ်။ ဂရင်းအမည်းဟာ ညီအစ်ကိုတို့ရဲ့ နေ့စဥ်ဘဝမှာတွေ့ကြုံနေရတဲ့ အောင်မြင်မှု ပင်ပန်းနွမ်းနယ်မှု ပျော်ရွှင်မှု စိတ်ဓာတ်ကျမှုစသည်ဖြင့် အမျိုးမျိုးသော အခြေအနေတွေကို ရင်ဘတ်နဲ့ထပ်တူခံစားရင်း အတူရှိနေပေးမယ့် အဖော်အမွန်ကောင်းတစ်ယောက်ပါ။

ဒါတင်မကသေးပါဘူး။ ဂရင်းအမည်းကို အစဥ်တစိုက်အားပေးလာကျတဲ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ညီအစ်ကိုတို့အတွက် ရင်ခုန်စရာကံစမ်းမဲအစီအစဥ်တွေ ဆုလက်ဆောင်တွေ ဆန်းသစ်တဲ့ဖျော်ဖြေရေးအစီအစဥ်တွေကိုလည်း အမြဲတမ်း ကြိုးစားစီစဥ်တင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ညီအစ်ကိုတို့နဲ့ ဂရင်းအမည်းကြား သံယောဇဥ်ကိုပိုမိုခိုင်မာစေမယ့် ” ညီအစ်ကိုတွေနဲ့ တွေ့ဆုံခင်မင် Grand Royal Black ရဲ့ တကယ့်ယောကျာ်းတို့ ခရီးစဉ်” ဆိုတဲ့ခေါင်းစဥ်လေးနဲ့အတူ ထူးခြားတဲ့ဖျော်ဖြေရေးအစီအစဥ်အသစ်ကိုလည်း ထပ်မံတင်ဆက်ပေးခဲ့ပြန်ပါတယ်။

တကယ့်ယောင်္ကျားတို့ ခရီးစဉ်ကို နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ မင်းမော်ကွန်း၊ ဇေယျနဲ့ ကေညီတို့သုံးယောက်မှ ဦးဆောင်ပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ဂရင်းအမည်းပရိသတ်တွေစီ အရောက်လာခဲ့ကာ ချစ်ခင်ရင်းနှီးစွာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေဖြစ်တဲ့ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ သံဖြူဇရပ်၊ မုဒုံ၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ သထုံ၊ ဘီလင်း၊ နက်မောက်၊ ရေနံချောင်း၊ မင်းလှ၊ ချောက်၊ ပခုက္ကူ၊ ကလော၊ လွိုင်ကော်၊ နမ့်စမ်၊ အေးသာယာ၊ ဗန်းမော်၊ မြစ်ကြီးနား စတဲ့မြို့ပေါင်း ၂၀ ကျော်မှ ဂရင်းအမည်းချစ် ညီအစ်ကိုတွေနဲ့အတူ ဖျော်ဖြေရေးအစီအစဥ်တွေ ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းတွေ ဆုလက်ဆောင်တွေနဲ့ ရင်ခုန်ပျော်ရွှင်ဖွယ် အမှတ်တရများစွာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နောက်ထပ်လည်း ဒီလိုပျော်ရွှင်စရာကောင်းတဲ့ အစီအစဥ်တွေကို ဆက်လက်တင်ဆက်ပေးသွားဦး မှာဖြစ်တာကြောင့် ဂရင်းအမည်းနဲ့အတူ ရင်ခုန်စွာစောင့်မျှော်ပေးကြပါဦးနော်။ Grand Royal Black မှ ညီအစ်ကိုတို့နဲ့အတူ မြန်မာနိုင်ငံ မြို့ပေါင်း ၂၀ ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကိုလည်း မျှဝေပေးချင်ပါတယ်။ ဂရင်းအမည်းသောက်ရင်း ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ Grand Royal Black ရဲ့ တကယ့်ယောကျ်ားတို့ ခရီးစဉ်တစ်လျှောက်ရိုက်ကူးထားတဲ့ အမှတ်တရ Video လေးကိုလည်း အခုပဲ ခံစားကြည့်ရှုလိုက်ပါဦးနော်။

 


Watch this Video