အရသာရှိတဲ့ ကော့လ်တေး တွေကို အမျိုးမျိုး မြည်းစမ်းကြည့်ရတာ ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ကော့လ်တေး တွေကို ကမ္ဘာတစ်လွှားမှာ နည်းမျိုးစုံ၊ ပါဝင်ပစ္စည်းမျိုးစုံနဲ့ အရသာရှိရှိ ဖျော်စပ်သောက်သုံးကြပါတယ်။ ကော့လ်တေးမျိုးစုံကို မြည်းစမ်းကြည့် ရတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီတစ်ခါမှာတော့ ကွီးတို့အတွက် ဂျပန် ဆာကေးနဲ့ ဖျော်စပ်ရတဲ့ Grapefruit Honey Sake ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Photo : The Heirloom Pantry
အခုက ဆောင်းရာသီကို အစပြုနေပါပြီ။ ဒါပေမဲ့ ဒီ ဆာကေး ကော့လ်တေးကတော့ ကွီးတို့ကို နွေရာသီရဲ့ Vibe ကို ခံစားရစေမှာပါ။ စပျစ်သီးနှင့် ပျားရည်၏ချိုမြိန်မှုသည် ပေါ့ပါးလန်းဆန်းပြီး နွေးထွေးတဲ့ နေရောင်ခြည်ကဲ့သို့ အရသာရှိစေပါတယ်။ ပြီးလျှင် ဂျပန် အရက်ဖြစ်တဲ့ ဆာကေး ရဲ့အရသာကလည်း ဒီကော့လ်တေးကို အရသာကို အပြည့်အဝ ပံ့ပိုးပေးနိုင်ပါတယ်။ ဒီကော့လ်တေးလေးက ကွီးတို့ချစ်သူလေးနဲ့အတူတူ ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲလေးမှာ တူတူသုံးဆောင်ဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုလည်း ဖြစ်ပါတယ်။ ကဲ ကော့လ်တေး ဖျော်စပ်နည်းလေး ကို ဆက်ပြောပြပါမယ်။
Grapefruit Honey Sake ကော့လ်တေး ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့
- သကြား ၁/၄ ခွက်ခန့်
- လတ်ဆတ်သော ဂရိတ်ဖရုသီးဖျော်ရည်
- ဂျပန် ဆာကေး
- ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
- ရေခဲတုံးများ နဲ့
- အလှဆင်ရန်အတွက် ဂရိတ်ဖရုသီး၊ စမုန်ဖြူ ၂ ပင်၊ ပူစီနံ စသည်တို့ လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့
(၁) ပထမဦးစွာ သကြားကို ပန်းကန်ပြားတစ်ခုပေါ် လောင်းထည့်ပါ။ ထို့နောက် ဂရိတ်ဖရုသီးဖျော်ရည် အနည်းငယ်နဲ့ ဖန်ခွက် နှုတ်ခမ်းသားများကို စိုစွတ်အောင်လုပ်ပါ။ ထို့နောက် သကြားထည့်ထားသော ပန်းကန်ပြားပေါ်သို့ ဖန်ခွက်ကို မှောက်လျက် သကြားများ ဖန်ခွက် နှုတ်ခမ်းသားများ ဖုံးသွားသည်အထိ ပြုလုပ်ပါ။

Photo : I eart Umami
(၂) ဖန်ခွက်တစ်ခုထဲတွင် ဂရိတ်ဖရုသီး ဖျော်ရည် နှင့် ပျားရည်ကို ထည့်ပါ။ ပြီးလျှင် ပျားရည် ရောသွားသည်အထိ မွှေပေးပါ။ ရရှိလာသော ဖျော်ရည်နဲ့ ရေခဲကို ကော့လ်တေးဖန်ခွက်ထဲသို့ လောင်းထည့်ပါ။
(၃) ထို့နောက် ဖန်ခွက်ထဲသို့ ဂျပန် ဆာကေးကို ထည့်လိုက်ပြီး သမအောင် ရောမွှေလိုက်ပါ။
(၄) နောက်ဆုံးအနေဖြင့် အသင့်လှီးထားတဲ့ ဂရိတ်ဖရုသီးခြမ်း နှင့် အမွှေးအကြိုင်အတွက် စမုန်ဖြူ ၂ ပင်တို့နဲ့ အလှဆင်လိုက်ပါ။ ဒါမှမဟုတ် ပူစီနံကို အသုံးပြုလည်း ရပါတယ်။

Photo : The Heirloom Pantry
ကော့လ်တေးထည့်မဲ့ ဖန်ခွက်ကို အစောပိုင်းကတည်း ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကော့လ်တေးကို အချိန်ကြာကြာ အေးမြစေပြီး၊ ကော့လ်တေး ထဲရှိ ရေခဲများ အရည်ပျော်မှုကိုလည်း နှေးကွေးစေပါတယ်။ ကော့လ်တေးရဲ့ အရသာကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန် ဆာကေးနဲ့ ဖျော်စပ်ရတဲ့ အရသာရှိတဲ့ Grapefruit Honey Sake ကော့လ်တေး တစ်ခွက် ရရှိပါပြီ။
Source : The Heirloom Pantry
Featured Photo : Dear Mica
