ကော့တေးချစ်သူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၄) မျိုးတည်း ရှိရုံနဲ့ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကော့တေး ဖျော်စပ်နည်းအကြောင်း ဝေမျှပေးချင်ပါတယ်။ ဒီကော့တေးရဲ့ နာမည်ကတော့ နို့သစ်ခွအရောင် Grasshopper ကော့တေး ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

cocktail

  • ကော့တေးခွက်ရဲ့ နှုတ်ခမ်းဝတွင် ကပ်ဖို့ရန်အတွက် ကိုးကိုးမှုန့် (သို့) ချောကလက်မှုန့် အနည်းငယ်
  • ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • White Crème de Cacao Liqueur စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • Green Crème de Menthe Liqueur စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

White Crème de Cacao Liqueur နဲ့ Green Crème de Menthe Liqueur နှစ်မျိုးကို ပေါင်းစပ်လိုက်တဲ့အခါ နို့သစ်ခွရောင် ကော့တေးတစ်မျိုး ရရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ နို့သစ်ခွရောင် မလိုချင်ဘူး ၊ နို့သစ်ခွရောင်ကို မကြိုက်ဘူးဆိုရင်တော့ White Crème de Cacao Liqueur အစား Brown Crème de Cacao Liqueur ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

ကော့တေးကို အေးအေးလေး သောက်ချင်တယ်ဆိုရင်တော့ ရေခဲတုံး အနည်းငယ် လိုအပ်မှာဖြစ်ပြီး ကော့တေး ဖန်ခွက်ကိုလည်း ကော့တေး မဖျော်ခင် မိနစ် ၃၀ အလိုကတည်းက Freezer ထဲထည့်ကာ အအေးခံထားသင့်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့် ပြင်ထားလိုက်ပါ။

cocktail

၂။ ကော့တေး နှုတ်ခမ်းဝကို အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးမျိုးဖြင့် စိုစွတ်အောင် ပြုလုပ်ထားလိုက်ပါ။ ထို့နောက် ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ကိုးကိုးမှုန့် (သို့) ချောကလက်မှုန့်များဖြင့် ကပ်ပေးလိုက်ပါ။

cocktail

၃။ ကော့တေး Shaker ခွက်ထဲတွင် ရေခဲတုံးများထည့်ပါ။ ခရင်မ် ထည့်ပါ။ White Crème de Cacao Liqueur စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် Green Crème de Menthe Liqueur စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစီ ထည့်ပါ။

Grasshopper ကော့တေး

၄။ ထို့နောက် ကော့တေး Shaker ရဲ့ အဖုံးကို ပိတ်ထားလိုက်ပြီးနောက် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

Grasshopper ကော့တေး

၅။ ဒါဆိုရင်တော့ နို့သစ်ခွအရောင် Grasshopper ကော့တေး ဖျော်ရည် ရရှိသွားပါလိမ့်မယ်။ ရေခဲတုံး မပါစေဘဲ ကော့တေး ဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။

Grasshopper ကော့တေး

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ့် နို့သစ်ခွရောင် Grasshopper ကော့တေး တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Bakerish