ဆီးချိုရောဂါသည် ဂရုစိုက်မှုများစွာလိုအပ်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်ကိုယ်တိုင် ဆီးချိုရောဂါ ခံစားနေရတာလည်းဖြစ်နိုင်သလို ဆီးချိုရောဂါ ခံစားနေရတဲ့ မိသားစုဝင်များ၊ သူငယ်ချင်း၊ ချစ်သူခင်သူများလည်း ရှိပါလိမ့်မယ်။

ဆီးချိုရောဂါပဲလေဆိုပြီး ပေါ့ပေါ့တန်တန်မထားသင့်တာကတော့ အမှန်ပါပဲ။ အစားအသောက်၊ အနေအထိုင်အားလုံးကို ဆင်ခြင်ရမှာဖြစ်ပြီး အခုဖော်ပြပေးမယ့်လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

လမ်းလျှောက်ခြင်း

Great Exercises for Men with Diabetes

မနက်ခင်းအချိန်အခါမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဆီးချိုသမားများအတွက် အကောင်းဆုံးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။ မနက်ခင်းအချိန်အခါဖြစ်တဲ့အတွက်ကြောင့် သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

တစ်နေ့လျှင် မိနစ် ၃၀ ၊ တစ်ပတ် ၅ ရက်ခန့် ပြုလုပ်ပေးရုံမျှဖြင့် ဆီးချိုရောဂါကို သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။

ထိုက်ချိကစားခြင်း

Great Exercises for Men with Diabetes

Photo: Freepik

ထိုက်ချိကစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေကာ ခန္ဓာကိုယ်ကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။ အကြောအချဉ်ကိုလည်း ပြေစေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း သန်မာလာစေမှာဖြစ်ပါတယ်။

ထိုက်ချိကစားနေချိန်မှာ ခန္ဓာကိုယ်လှုပ်ရှားမှုသည် နှေးနှေးမှန်မှန်ဖြင့် လှုပ်ရှားနေမှာဖြစ်ပြီး ဖြည်းဖြည်းမှန်မှန် အသက်ရှူသွင်း ရှူထုတ်ဖို့လည်း လိုအပ်ပါသေးတယ်။

အလေးတုံးဖြင့် ဆော့ကစားပါ

Great Exercises for Men with Diabetes

ဆီးချိုရောဂါသည် လူကြီး၊ လူငယ်မရွေး ဖြစ်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ လူငယ်များအတွက်တော့ အလေးမ လေ့ကျင့်ခန်းသည် အခက်အခဲမရှိပေမယ့် အချို့သက်ကြီးရွယ်အိုများအတွက် အလေးမခြင်းသည် အနည်းငယ်ခက်ခဲနိုင်ပါတယ်။

ထိုအခြေအနေမျိုးမှာ အပေါ့ဆုံးအလေးတုံးနဲ့သာ အစပြုဖို့ အကြံပေးသင့်ပါတယ်။ အလေးမ လေ့ကျင့်ခန်းပြုလုပ်ပြီး ကြွက်သားများ သန်မာလာအောင် ပြုလုပ်နိုင်ပါတယ်။ ကြွက်သားများ သန်မာနေပါက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိရတာ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ ဒီလို အလေးမလေ့ကျင့်ခန်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။

ယောဂဆော့ကစားခြင်း

Great Exercises for Men with Diabetes

ယောဂလေ့ကျင့်ခန်းသည်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်ပါတယ်။ ယောဂများများ ပြုလုပ်နိုင်လေ ဆီးချိုသမားများအတွက် ပိုကောင်းလေပါပဲ။

ရေကူးခြင်း

Great Exercises for Men with Diabetes

လမ်းလျှောက်လေ့ကျင့်ခန်းထက်စာရင် ရေပေါ်မှာ ပေါလောပေါ်ပြီး ရေကူးနေရခြင်းက ဆီးချိုသမားများအတွက် ပိုမိုအကျိုးရှိပါတယ်။ တစ်ရက်လျှင် မိနစ် ၃၀ မှ တစ်နာရီအတွင်း၊ တစ်ပတ် ၂ ရက်၊ ၃ ရက်ခန့် ပုံမှန်ရေကူးပေးခြင်းသည်လည်း ဆီးချုရောဂါကို လျော့ချပေးနိုင်ပါတယ်။

အိမ်စီးစက်ဘီးဖြင့် စက်ဘီးစီးခြင်း

Great Exercises for Men with Diabetes

စက်ဘီးစီးခြင်းသည် သင့်ရဲ့နှလုံးကို ပိုမိုသန်မာလာစေပြီး အဆုတ်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ပိုမိုမြှင့်တင်ပေးပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် စီးပေးရုံမျှဖြင့်ပြင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

Source: Everydayhealth.com

Featured Image Source: Everyday Health