Green Day ဆိုတာကတော့ အမေရိကန် ရော့ခ်ဂီတအဖွဲ့ တစ်ခုဖြစ်ပြီး ရော့ခ် သီချင်း များအပြင် Punk Rock ၊ Pop Punk နှင့် Alternative Rock သီချင်း များကိုလည်း သီဆိုလေ့ရှိကြတဲ့ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်ပါတယ်။ ထိုအဖွဲ့ကို ၁၉၈၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဓိကအဆိုရှင်နှင့် ဂီတာသမား Billie Joe Armstrong ၊ ဘေ့စ်နှင့် နောက်ခံအဆိုရှင် Mike Dirnt တို့ဖြင့် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကျမှ Tré Cool ဆိုတဲ့ ဒရမ်အတီးသမား၊ Percussion နှင့် နောက်ခံအဆိုရှင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူ့မတိုင်ခင်တုန်းကတော့ John Kiffmeyer က ဒရမ်၊ Percussion နှင့် နောက်ခံအဆိုရှင်အဖြစ် အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

Green Day သီချင်း

Photo: Rolling Stone

Green Day ရဲ့ အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး သီချင်း ကောင်းများကတော့ …

Brain Stew/ Jaded

ဒီသီချင်းကတော့ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Insomniac အခွေထဲက အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Holiday

ဒီသီချင်းကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ American Idiot ဆိုတဲ့ သီချင်းခွေထဲက Rock Chart ထဲမှာ နံပါတ် (၁) နေရာမှာ အကြာကြီး ရပ်တည်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Longview

ဒီသီချင်းကတော့ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dookie ဆိုတဲ့အခွေထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Longview သည် Green Day အဖွဲ့ရဲ့ Rock Chart နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တဲ့ ပထမဦးဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

American Idiot

ဒီသီချင်းလေးကတော့ ထိုခေတ်အချိန်အခါက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအကြောင်း မသိမသာလေး ထည့်ဆိုကာ ရေးစပ်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

When I Come Around

ဒီသီချင်းလေးကတော့ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပြီး သူ့ရဲ့ ကောင်မလေးအတွက် ရေးသားစပ်ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ LDRS သမီးရည်းစားဆက်ဆံရေးတစ်ခုသည် ဘယ်လောက်ထိ အထီးကျန်ဆန်ကြောင်း ဒီသီချင်းထဲမှာ တွေ့မြင်ခံစားနိုင်ပါတယ်။

Boulevard Of Broken Dreams

ဒီသီချင်းကလည်း လူကြိုက်အရမ်းများခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Green Day ရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။

Good Riddance (Time Of Your Life)

ဒီသီချင်းကတော့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းလေးက လူတွေက သူတို့ကို မျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ တော်တော်လေးကွဲထွက်တဲ့ တင်ဆက်မှုမျိုးဖြင့် တွေ့မြင်ရမှာဖြစ်ပါတယ်။

Basket Case

ဒီသီချင်းလေးကိုလည်း ရော့ခ်သီချင်းချစ်သူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။

Source: Ultimateclassicrock

Featured Image: Grunge