Gym ကစားဖို့ နေ့ရွေ့ညရွေ့လုပ်နေတဲ့ ကွီးတွေရှိပါသလား။ ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီရဖို့ ဒီနေ့ကစပြီး Gym ကစားတော့မယ် ဆုံးဖြတ်ပြီးရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာ Gym စကစားတော့မယ့် Beginners တွေအတွက် အသုံးဝင်စေမယ့် Tip လေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

မကစားခင် သွေးပူလေ့ကျင့်ခန်းလုပ်

WARM UP

Photo : Men’s Health

Gym ကစားတော့မယ် ဆိုတာနဲ့ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ပေးဖို့ လိုပါတယ်။ ဝိတ်တုံးတွေမ,ပြီး Exercises တွေ အပြင်းအထန်မလုပ်ခင်မှာ ကြွက်သားတွေပြေလျော့စေဖို့နဲ့ ခန္ဓာကိုယ်က သွေးပူပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် ရယ်ဒီဖြစ်နေအောင် Warming Up အရင်လုပ်ပေး သင့်ပါတယ်။ ဒါမှလည်း အလေးတုံးတွေနဲ့ ကစားတဲ့အခါ ကြွက်သားတွေထိခိုက်ဒဏ်ရာရမှုတွေကို လျော့ချနိုင်မှာပါ။

သူငယ်ချင်းနဲ့အတူ ကစားပါ

TRAIN WITH A FRIEND

Photo : Men’s Health

တစ်ယောက်တည်း Gym ကစားတာထက် သူငယ်ချင်းနဲ့ကစားတာ‌ဟာ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ခွန်အား ရစေသလို ပိုပြီးလည်း ထိထိရောက်ရောက် ကစားနိုင်ပါလိမ့်မယ်။ အဖော်နဲ့ဆော့တာဟာ သူတစ်လှည့် ကိုယ်တစ်လှည့်နဲ့ အပြိုင်အဆိုင် စိန်ခေါ်ပြီး ကစားနေရသလို ဖြစ်တာကြောင့် ပျင်းရိအပါးခိုချင်တဲ့ စိတ်ကိုပါ လျော့လာစေမှာဖြစ်ကာ တက်တက်ကြွကြွနဲ့ ထိထိရောက်ရောက် ပိုကစားနိုင်မှာ ဖြစ်ပါတယ်။

စိတ်အားထက်သန်တဲ့အချိန်​မှာ ကစားပါ

TIME OF DAY

Photo : Men’s Health

လူ့စိတ်ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်တဲ့အတွက် Gym ကစားဖို့ စိတ်အားထက်သန်တဲ့အချိန်ကလည်း မတူညီနိုင်ပါဘူး။ မနက်ပဲဖြစ်ဖြစ် ​၊ ညပဲဖြစ်ဖြစ် ကိုယ်အားထက်သန်ဆုံးအချိန်မှာ ကစားမယ်ဆိုရင် ပို Active ဖြစ်ပြီး လေ့ကျင့်ခန်းတွေကို အားအင်အပြည့်နဲ့ ပိုပြီးထိရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

အသစ်တွေကို Try ပေးပါ

TRY SOMETHING NEW

Photo : Men’s Health

နေ့စဥ်တူညီတဲ့ လေ့ကျင့်ခန်းတွေကိုပဲ လုပ်နေတာမျိုးထက် မတူညီတဲ့ ကစားနည်းအသစ်လေးတွေကို ပြောင်းလဲကစားပေးတာက ပိုမိုထိရောက်မှု ရှိစေပါတယ်။ အကြောင်းကတော့ မတူညီတဲ့ အသစ်အသစ်သော ကစားနည်းအသစ်တွေ ၊ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုအသစ်တွေကို ပြောင်းလဲကစားပေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ရတဲ့အပေါ် အီမနေတော့ပဲ စိန်ခေါ်မှုအသစ်တွေအတွက် အားအင်သစ်တွေကို ဖြစ်စေပါတယ်။

ဝိတ်တင်ဖို့အတွက် အရမ်းမလောပါနဲ့

Photo : Men’s Health

Gym ကစားတဲ့အခါ Body အရမ်းကြီးကိတ်လာချင်တဲ့စိတ်နဲ့ ဝိတ်ပိုတင်ကစားဖို့ကို အရမ်းမလောပါနဲ့။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကိုကြည့်ပီး ဖြေးဖြေးချင်းပဲ ဝိတ်အလေးချိန်ကို တိုးသွားပြီး ကစားတာက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : The Manual